လရိပ်ဘုရားရှိခိုးနေစဥ်တံခါးဖွင့်သံယေးယေးလေးကိုကြားလိုက်သော်ငြားစိတ်ထင်သည်ဟုသာထင်၍ဘုရားရှိခိုးနေသည်ကိုမရပ်လိုက်။
ထို့ပြင်လူရိပ်တွေ့လိုက်ရ၍အနည်းငယ်တော့သံသယဖြစ်မိသော်လည်းဘုရားရှိခိုးပြီးချိန်ပတ်ရှာရာ၍မည်သူမှမတွေ့သဖြင့်ဟင်းချက်ကာနေလိုက်ခြင်းပင်။
ရုတ်တရက်နောက်ဘက်မှဖက်လာသောလူတစ်ယောက်ကြောင့်လရိပ်အတော်လန့်သွားခဲ့ရသည်။လှည့်ကြည့်လိုက်သောအခါ၌၀လ္လာ့ကိုတွေ့လိုက်ရပြီး၀လ္လာဟာလရိပ်ရဲ့ကိုယ်သင်းနံ့ကိုရှူရှိုက်နေမှုကြောင့်အတော်လည်းကြက်သီးထမိသလိုရင်ဘတ်အတွင်းမှာလည်းနှလုံးသားတစ်ခုလုံး၏ခုန်ပေါက်ပြေးလွှားနေမှုကြောင့်ရုတ်ရင်းဆန်ခတ်ဖြစ်သွားရသည်။
တစ်ခါမှထိုသို့အဖက်မခံခဲ့သလိုအနမ်းလည်းမခံခဲ့။၀လ္လာတစ်ယောက်တည်းကသာလရိပ် ၏ပထမဆုံးအနမ်းများကိုသိမ်းပိုက်ယူသွားသလိုစိတ်တိုင်းကျပြုလုပ်နေခြင်းပင်။
"ငါ ... တောင်းပန်ပါတယ် ဆောရီး"
"ရ .... ရ .... ရပါတယ်"
"ဒါ .... ဒါနဲ့မနက်စာစားပြီးပြီလား""ဟင့်အင်း မစားရသေးဘူး"
"ဒါ ... ဒါဆိုဒီမှာတစ်ခါတည်း
ထည့်ပေးပါ့မယ်"
____________
ဆွဲဆောင်မှုရှိစွာစားချင်စဖွယ်ကောင်းလှသောထမင်းကြော်တစ်ပန်းကန်ဟာ၀လ္လာ့၏ရှေ့တွင်ရောက်နေလေပြီ။အိမ်ရှင်ကိုစောင့်သင့်၍စောင့်နေသော်လည်းမွှေးပျံ့လှသောအနံ့ကလူကိုစိတ်မရှည်စေဘဲစားမိအောင်ပြုလုပ်နေလေပြီ။
"စားနှင့်တာမဟုတ်ဘူး"
"အိမ်ရှင်ကိုစောင့်သင့်တယ်မဟုတ်လား"
"မမလည်းတစ်ချိန်ကျရင်ဒီအိမ်ရဲ့ပိုင်ရှင်ဖြစ်မှာဘဲဟာ"
စကားကိုပြောပြီးနောက်လရိပ်ဟာအေးအေးလူလူစားနေသော်လည်း၀လ္လာဟာမစားနိုင်တော့။
ကိုယ့်အတွေးနှင့်ကိုယ် နယ်လွန်လေသည်။"မမ!! အဆင်ပြေရဲ့လား"
"ဟင်! အင်း အဆင်ပြေပါတယ်"
"ဘာဖြစ်လို့လဲ"
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}