လရိပ်နိုးလာသည်နှင့်မြင်လိုက်ရသည်မှာမရင်းနှီးသောမျက်နှာကျက်တစ်ခု။
ထထိုင်လိုက်ကာအခန်းပတ်ပတ်လည်ကိုကြည့်မိသည်။မမြင်ဖူးသောအခန်းတစ်ခန်း။
~လရိပ်ဘယ်ကိုရောက်နေတာပါလိမ့်
ထစ်ခနဲဆိုသလိုခေါင်းကတရစပ်ထိုးကိုက်လာပြန်သည်။
"ညကအရက်တော့မသောက်မိပါဘူး"
ကိုယ့်ကိုကိုယ်အရက်သောက်၍မူးသွားမှန်းပင်မသိသောလရိပ်ချိုပါလေ။
"ညကဘာလုပ်မိပါလိမ့်"
ညကကိစ္စများကိုစဥ်းစားသော်လည်းမပေါ်လာ။
လရိပ်ဘာလုပ်မိပါလိမ့်။အိပ်ရာပေါ်မှထကာထိုအခန်းအပြင်ကိုထွက်လာလိုက်သည်။
တွေ့လိုက်ရသည်မှာ"နန်းနဲ့သူသူ!! "
"သြော် ... နိုးပြီလား"
နားထင်ကိုလက်ဖြင့်ဖိကာနေနေသည့်လရိပ်ကိုမေးလာသည်။
သူသူ၏အမေးမှာအရင်ကကဲ့သို့၀တ်ကျေတန်းကျေမေး
သည့်ပုံစံမဟုတ်။ယခင်ကလရိပ်ကိုဆက်ဆံသည့်ပုံစံပင်။"ဟုတ်"
"အခန်းထဲမှာနန်းသွားတိုက်တံတွေအဆင်သင့်ထားထားပေးတယ်ကွယ်"
"ရှင်!! ဟုတ်"
အရင်ကဆက်ဆံပုံနှင့်ကွာခြား၍
လရိပ်အံ့သြရပါသည်။
_____________"လာခဲ့ သူသူမနက်စာအဆင်သင့်ပြင်ထားပေးတယ်"
~သူသူတို့အမှန်အတိုင်းများသိသွားတာလား အို မဖြစ်နိုင်ပါဘူး
လရိပ် စားပွဲခုံသို့ထိုင်ကာမနက်စာကိုသာစားနေမိသည်။
နန်းတို့နဲ့လည်းစကားမပြောရဲပါ။လရိပ် လို့သုံးနှုန်းမိပြန်ရင်အခုလိုဆက်ဆံဖို့ကမသေချာ။"ဘယ်လိုလုပ်ဒီရောက်နေတာလဲဟင်"
"အမ် နန်းတို့ခေါ်လာတာပေါ့"
"ရှင်!! အားနာစရာကြီး"
"အို လရိပ်တောင်နန်းတို့ကိုအားနာတတ်နေပြီပေါ့လေ"
နန်း၏စကားကြောင့်လရိပ်သောက်နေသည့်ကော်ဖီပင်သီးသွားရသည်။
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}