ရေစက်(23)

851 52 9
                                    

"မင်းဘာလို့လရိပ်ချိုရဲ့နာမည်ကိုသုံးရတာလဲ ပြော!! "

အော်ငေါက်ကာပြောလာသည့်အတွက်လရိပ်အမှန်တကယ်ပင်လန့်သွားရပါသည်။

"လရိပ်ရဲ့နာမည်ကိုသုံးတာဘာဖြစ်လို့လဲ"

လရိပ်၏မေးခွန်းကြောင့်တိမ်၀လ္လာဟာမျက်မှောင်ကြုတ်လျက်

"မင်းမှာသူ့နာမည်ကိုသုံးပိုင်ခွင့်တစ်စက်လေးတောင်မရှိဘူး နားလည်လား"

လရိပ်အဖြစ်ဟာဆိုးလွန်းပါရဲ့။ကိုယ့်နာမည်ကိုယ်ပြန်သုံးတာတောင်အငေါက်ခံရသည်လေ။

"လရိပ်ရဲ့နာမည်ကိုသုံးတာ မသုံးတာကမမနဲ့မှမဆိုင်တာ"

"ဘာပဲဖြစ်ဖြစ်ငါနဲ့ဆိုင်တယ် မင်းကသူ့နာမည်ကိုသုံးဖို့မတန်ဘူး"

ယခုတစ်ခေါက်ပြောလိုက်သည့်စကားကိုလရိပ်ခံပြင်းမိပါသည်။
'မတန်လို့' တဲ့လား။

"နေပါဦး 'လရိပ်' ဆိုတဲ့နာမည်ကိုသုံးတာမမအပူဘာပါလို့လဲ လရိပ်နဲ့မမနဲ့ကဘာဆိုင်လို့လဲ"

"လမင်းလေးကငါနဲ့ဆိုင်တယ် အေး ရှင်းရှင်းလင်းလင်းပဲပြောလိုက်မယ်"

လမင်းလေး ဟူသောအခေါ်အ​ေ၀ါ်လေးကိုလရိပ်အခေါ်မခံခဲ့ရ
ဖူးပါ။ဒါပေမယ့်ဒီလူသားဆီမှာတော့ လမင်းလေး ဆိုတဲ့နာမ်စားလေးကိုပထမဆုံးကြားလိုက်ရသည်။

"လရိပ်ချိုဆိုတဲ့ငါ့ရဲ့လမင်းလေးကငါ့ချစ်သူ နားလည်လား ဒါကြောင့်ငါ့ချစ်သူနာမည်ကိုလာမသုံးနဲ့"

'ချစ်သူ' ?? တစ်သက်နဲ့တစ်ကိုယ် အဲလေမဟုတ်ပါဘူး နှစ်သက်နဲ့နှစ်ကိုယ်လုံးချစ်သူရည်းစားတောင်မထားခဲ့ဖူးတာကိုအခုကျ သူမရဲ့ချစ်သူ တဲ့လား။

"လရိပ်နဲ့မမနဲ့ ဘယ်တုန်းကဖြစ်သွားလို့လဲ လာလိမ်မနေနဲ့"

"ငါ့ချစ်သူနဲ့ငါချစ်နေတာကို
မိုးစန္ဒာ  ကျွန်မနဲ့ရိပ်ချိုဆိုတဲ့ကောင်မလေးဟာချစ်သူတွေဖြစ်နေပါတယ် ဆိုပြီးမင်းဆီကို assignment တွေတင်ပေးရဖို့လား"

"လာမရွဲ့နဲ့နော် လရိပ်ကခုထိရည်းစားတောင်ထားဖူးသေးတာမဟုတ်ဘူး"

ရေစက်Where stories live. Discover now