ရေစက်(41)

869 60 1
                                    

"မမကိုလရိပ်လွမ်းနေခဲ့တာ
လရိပ်မမကိုချစ်တယ်မမရယ် အင်မတန်မြတ်နိုးမိတယ်"

"လမင်းလေးရယ်"
"ကိုယ်အခုမထားသွားတော့ဘူးနော်"

ခေါင်းကလေးကိုတဆတ်
ဆတ်ငြိမ့်လျက်ငိုနေသောရင်ခွင်အတွင်းမှထိုခန္တာကိုယ်ကလေး။

အချိန်ကာလတစ်ခုကြာလွမ်းနေခဲ့ရပါသည်။

"ကိုယ့်ကိုပြောပါဦး လရိပ်ကလရိပ်ချိုမလားဟင်"

"ဟင်!!! "

"ဟင်! ဟုတ်တယ်မဟုတ်လား"
"လမင်းလေးဟုတ်တယ်မလားဟင်"

၀လ္လာ၏မေးခွန်းကြောင့်လရိပ်မော့ကြည့်လာသည်။
မော်ကြည့်လိုက်စဥ်ဦးစွာတွေ့ရသည်မှာမျှော်လင့်ချက်များနှင့်ပြည့်နှံ့နေသော၀လ္လာမျက်၀န်းများပင်။

လရိပ်ခဏတာမျှအဖြေပြန်မပေးဘဲစဥ်းစားနေမိသည်။

"ဟင့်အင်း မဟုတ်ဘူး"

"ဟမ်? "
" ဘာ .... ဘာကိုဆိုလိုတာလဲ"

"မမ ..... မမပြောတဲ့လရိပ်မဟုတ် .... "

လရိပ် စကားကိုပင်ဆုံးအောင်မပြောနိုင်စွာအသံသည်အဖျား၌တိမ်၀င်သွားသည်။

"လမင်းငယ်လေးရယ် ကိုယ့်ကိုကြည့်ပါဦး"
"ကိုယ့်ကိုအမှန်တိုင်းပြောပါဦးကွာ"

"ဟင့်အင်း"

လရိပ်သည်ခေါင်းကိုအတွင်တွင်ခါလျက်ရှောင်ရန်ကြိုးစားသလောက်၀လ္လာသည်အကြည့်ချင်းဆုံကာအဖြေတစ်ခုအားတိတိကျကျရရန်ကြိုးစားလေသည်။

"ကိုယ့်ကို ..... ကိုယ့်ကိုကျေးဇူးပြုပြီး ...... "

၀လ္လာ၏မျက်၀န်းအိမ်မှမျက်ရည်ကြည်ကလေးများကျဆင်းလာသည်။

"ဟင့်အင်း မမရယ် မငိုပါနဲ့"

လရိပ်မခံနိုင်ပါ။၀လ္လာမျက်ရည်ကျနေသည့်အဖြစ်ကိုလရိပ်မကြည့်နိုင်ပါ။

"ကိုယ့်ကိုအမှန်တိုင်းပဲပြောပြပါနော်"

"လ ...... လရိပ်ကမမပြောတဲ့
လရိပ်ချိုပါ"
"အပွင့်လင်းဆုံး၀န်ခံရရင်လွန်ခဲ့တဲ့တစ်နှစ်နီးပါးအချိန်ကသေသွားခဲ့ပါတယ်ဆိုတဲ့လရိပ်ချိုပါ"

ရေစက်Where stories live. Discover now