ရေစက်(28)

797 56 4
                                    

သေချာသွားပါပြီ။လုံးဝတစ်ရာရာခိုင်နှုန်းသေချာသွားပါပြီ။
နန်းနဲ့ဧကရီဟာလုံးဝရေစက်ပါပြီးဆုံတွေ့ကြရမယ့်သူနှစ်ဦးပါ။

"တကယ်ကြီးလားနန်း ဝိုးးမိုက်လိုက်တာ"

"ဘယ်ကသာမိုက်ရမှာလဲလရိပ်ရယ်"
"နန်းကလေသူ့မျက်နှာမမြင်ခင်ကဆိုသူ့ကိုမြင်ချင်ခဲ့တာ အခုကျ"

"ဧကရီကချောပါတယ်နန်းရဲ့"

ဧကရီကအမှန်လည်းချောပါ သည်။သို့သော်လည်းနန်းကမည်သည့်အကြောင်းကြောင့်ထိုသို့ပြောရသလဲဆိုသည်ကိုနားမလည်။

"ချောတာမချောတာကကိစ္စမဟုတ်ဘူးလရိပ်ရဲ့"

"ဒါနဲ့များဘာလို့ ....... "

"မ!!! "

အသံလာရာသို့သူသူနှင့်လရိပ်တို့နှစ်ယောက်အတိုင်အဖောက်ညီညီလှည့်ကြည့်လိုက်ကြသည်။

အသံပိုင်ရှင်မှာဧကရီပင်။သူမအကြောင်းပြောနေစဥ်ရောက်လာသဖြင့်အသက်ရှည်ဦးမည်ဟုစိတ်ထဲ၌ဗေဒင်တွက်ချက်မိသည်။

"ဦးဉာဏ်သာကိုခွဲစိတ်ဖို့လက်မှတ်ထိုးရမှာ"

လက်ထဲမှဖိုင်ကိုထောင်ပြကာဆိုလာသည်။

"၀င်လာပြီးပေးလေ"

နန်း၏စကားကြောင့်လရိပ်ရုတ်တရက်နန်းကိုလှည့်ကြည့်မိသည်။အနည်းဆုံး
၀င်လာလေညီမလေးလာခဲ့လေညီမလေး စသဖြင့်ပြောလေ့ရှိပါလျက်။

ဧကရီလည်းအခန်းအတွင်းသို့၀င်လာသည်။

"မ ကဒီနေရာမှာလက်မှတ်ထိုးရမှာ"

'' ဟူသောအသုံးအနှုန်းကိုနားကြားမှားခဲ့သည်ဟုသာထင်ခဲ့မိသော်ငြားလက်တွေ့၌မဟုတ်။နောက်တစ်ကြိမ်ကြားလိုက်ရပြန်သည်။
သူသူ့ကိုကြည့််လိုက်သောအခါအခါသူသူမှာလည်းအံ့သြနေဟန်။

"ok ကလေး။နန်းလက်မှတ်ထိုးပြီးသွားရင်လူနာကိုခွဲစိတ်ဖို့ကြိုတင်ပြင်ဆင်စရာတွေပြင်ဆင်ထားဖို့ပြောလိုက်ပါ"

နန်းပြောလိုက်သော 'ကလေး' ဟူသောအသုံးအနှုန်းကြောင့်ကြောင်သွားရပြန်သည်။

ရေစက်Where stories live. Discover now