ရေစက်(17)

813 50 1
                                    

cctv မှတ်တမ်းကြည့်ပြီးနောက်တိမ်၀လ္လာ စွပ်စွဲကြသူဆေးရုံ၀န်ထမ်းများအားကြည့်မိသည်။
အားလုံးဟာမျက်စိပျက်မျက်နှာပျက်။

"မင်းတို့ပြောတော့သူလုပ်တာပါဆို"

"ဟုတ်ပါတယ် အခုကျဘယ်လိုဖြစ်သွားတာလဲမသိဘူး"

"သူတစ်ခုခုလှည့်စားထားတာသေချာတယ်ဌာနမှူး"

သက်သေမရှိသော်ငြားစွပ်စွဲနေသည်မှာ နည်းနည်းပင်မလျှော့။

"မင်းတို့မှာသက်သေမရှိဘဲနဲ့လိုက်မစွပ်စွဲနေကြနဲ့တော့"

ဌာနမှူး၏စကားကြောင့် သူတို့၏မျက်နှာမှာမလှမပ။လုံခြုံရေးရုံးခန်းမှအမြန်ဆုံးထွက်ခွါကာမိမိ၏ရုံးခန်းထံသို့ပြန်လာလိုက်သည်။

~မင်းငါ့ကိုဘာတွေလုပ်လိုက်တာလဲမိုးစန္ဒာ ငါ့ကိုယ်ငါဘာတွေဖြစ်နေလဲတောင်မသိတော့ဘူး

ဟူးးးးးး
ဒီအတိုင်းဆိုတိမ်၀လ္လာအတွက်ရူးရချည်ရဲ့။
____________

လရိပ် လက်မလျှော့နိုင်ပါ။သူငယ်ချင်းတွေနှင့်အရင်ကကဲ့သို့အဆင်ပြေအောင်ကြိုးစားမည်ဟုဆုံးဖြတ်ထားပါသည်။

သို့သော်လည်းနေ့ခင်းကတည်းကစ၍မတွေ့သည်မှာယခုအချိန်ထိပင်။

~ကောင်တာကလူကတော့သိကောင်းသိနိုင်ရဲ့။

"မနန်းလှစံနဲ့မသူသူတို့ဘယ်မှာရှိလဲဆိုတာသိကြလားဟင်"

"ဟင့်အင်းမသိဘူး ဒီမှာကအလုပ်ရှုပ်နေတဲ့ဟာကို"

"သြော် တောင်းပန်ပါတယ်"

"ဘယ်လိုမှန်းကိုမသိဘူး"
"အယ် ဟိုဒေါက်တာကချောလိုက်တာ"

ကောင်တာမှသူနှစ်ဦး၏အသံကိုကြားရသော်လည်းသူတို့ပြော
သည့်လူကိုမကြည့်ချင်မိပါ။
နန်းနှင့်သူသူကိုရှာရဦးမည်မဟုတ်လား။

"မိုး .. မိုးဟုတ်တယ်မဟုတ်လား"

နောက်ကျောဘက်မှအသံကြောင့်လှည့်ကြည့်မိသည်။ထိုအသံကိုကြားဖူးပါရဲ့။

"ကိုယ် .... အဲလေကျွန်တော့်ကိုမှတ်မိလား"

~ကိုဇွဲလင်းပိုင်!!ဘယ်ကနေဘယ်လိုရောက်လာတာပါလိမ့်

ရေစက်Where stories live. Discover now