ရေစက်(16)

803 45 0
                                    

လရိပ်တစ်ယောက်ယခုရက်ပိုင်းအတွင်းအတော်ပျော်ရွှင်နေ၏။သို့သော်ထိုပျော်ရွှင်မှုသည်ရက်အနည်းငယ်မျှသာခံခဲ့ပါသည်။

"နန်း လရိပ်တို့ပြီးရင် Market အနှံ့လျှောက်လည်ကြမလားဟင်"

"ဟင့်အင်း နန်းမအားဘူး"

"သူသူလည်းနန်းလိုပဲ မအားဘူး"

မည်သို့ပင်ခေါ်စေကာမူ လိုက်ခြင်းအလျဥ်းမရှိ။

~သူသူတို့ကလရိပ်ပြောရင်တစ်ခါမှမငြင်းဖူးပါဘူး

ထိုမျှသာမဟုတ်။တစ်နေရာသွားရန်ခေါ်လျှင်လည်းမလိုက်။အကြောင်းပြချက်မျိုးစုံပြကာငြင်းကြသည်။

"နန်းနဲ့သူသူအတွက်ကော်ဖီယူခဲ့ပေးတယ်"

"တော်ပါပြီ မသောက်တော့ဘူး"

"ဒါပေမယ့်လရိပ်ကယူလာပေးတာလေ"

"တခြားတစ်ယောက်ကိုပေးရင်ပေးလိုက်ပါ သူသူရောနန်းရောမသောက်တော့ဘူး"

မည်သို့ပင်ပြုမူစေကာမူအမြဲငြင်းဆန်နေကြသည့်အတွက်
လရိပ်အလွန်ပင်စိတ်ညစ်မိပါသည်။ကိုယ့်ကိုကိုယ်ဘာအမှားများလုပ်မိသလဲဟုလည်းဆန်းစစ်ပါသည်။သို့သော်ငြားအဖြေမတွေ့။

စိတ်ညစ်မိသည်မို့ ward ထဲသွားကာပုံမှန်စကားပြောနေကျဖွားဖွားဆီသို့သာသွားတော့သည်။

ward အရှေ့ထောင့်တစ်နေရာရှိနားနေခန်း၌ဆေးရုံ၀န်ထမ်းများနားနေကြကာစကားပြောရင်းပျော်နေကြသည်ကိုလရိပ်တွေ့သည်။

လရိပ် သူတို့ကိုအားကျမိပါ၏။တစ်ချိန်ကလရိပ်ကိုယ်တိုင်လည်းသူတို့ကဲ့သို့နေခဲ့ရသော်လည်းလရိပ် အခုအချိန်၌သူတို့ကိုသာအားကျနေရပါသည်။
___________

"ဖွားဖွားရယ် လရိပ်ဖြင့်ဘယ်လိုလုပ်ရမလဲကိုမသိတော့ဘူး"

ထိုအဖွား၏ရှေ့၌လရိပ် အမြဲကိုယ့်ကိုကိုယ် ရိပ် ဟုသုံးနှုန်းပါသည်။ထိုဖွားဖွားကလရိပ်ရဲ့စိတ်ညစ်မှုတွေကိုနားထောင်ပေးသည်လေ။

"အကြောင်းရင်းမရှိဘဲနဲ့တော့မဖြစ်နိုင်ပါဘူးလကလေးရဲ့"

ဖွားဖွားစကားပြောတိုင်းလရိပ်ကို ကလေး လို့သုံးနှုန်းခြင်းသာ်မေမေ့ကိုလွမ်းစေသည်။

ရေစက်Where stories live. Discover now