ရေစက်(31)

774 59 3
                                    

"အန်ကယ်ကအမြဲစုံစမ်းခိုင်းလို့စုံစမ်းနေခဲ့တာ"
"အန်တီပေးလိုက်တဲ့အဒေါ်ကြီးကိုသိသွားတယ်"

"ဘယ်သူလဲဧကရီ"

ယခုတစ်ခေါက်သိချင်စိတ်ကိုမထိန်းနိုင်စွာမေးမိသူမှာရူဘီပင်။

"အန်တီကဒေါ်ခင်ငြိမ်းချိုကိုပေးလိုက်တာ"

"ခင်ငြိမ်းချို?? "

"သိလို့လား"

"ခင်ငြိမ်းချိုဆိုတာလရိပ်ရဲ့မေမေနာမည်"

"ဟမ်!! "

"မဖြစ်နိုင်တာ"
"ဒါဆိုလရိပ်ကစန္ဒာ့ရဲ့အမွှာညီမပေါ့"

အမွှာညီမ။အမွှာညီမဟူသောစကားလုံးကိုကြားလိုက်ရသောအခါတွင်လရိပ်အတွက်လောကကြီးဟာငလျင်လှုပ်နေသည့်သယောင်။

"မ .... မဖြစ်နိုင်တာ"

"ငါလရိပ်ကိုတစ်ခုလောက်မေးပါရစေ ဒေါ်ခင်ငြိမ်းချိုကလရိပ်ရဲ့အမေအရင်းလား"

"ဟင့်အင်း"

ခေါင်းကိုအတွင်တွင်ယမ်းလျက်ဖြေမိသည်။

"ဒါ .... ဒါဆိုလရိပ်ရဲ့အစ် ... အစ်မကအခုငရဲရောက်နေတာပေါ့"

မိုးစန္ဒာ ငရဲကျသည်ဟုသာသိခဲ့  စဥ်ကစိတ်မကောင်းတော့ဖြစ်မိပါသည်။သို့သော်ယခုထပ်မံသိလိုက်ရသည်မှာမိုးစန္ဒာသည်လရိပ်၏အစ်မဖြစ်သည်တဲ့လား။

"အဆင်ပြေရဲ့လားလရိပ်ချို"

"လရိပ်ကိုခွင့်ပြုကြပါဦး"

စိတ်တို့ကိုချုပ်တည်းကာသူသူ့ထံသို့လှမ်းလာလိုက်သည်။မနက်ဆေးရုံရောက်ချိန်၌နန်းမရှိ။သူမအလုပ်လုပ်ရာအစိုးရဆေးရုံ၌အချိန်ရှိသောကြောင့်ပင်။

"သူသူ"

"လရိပ် လရိပ်အဆင်ပြေရဲ့လားဟင်"

ပြာပြာသလဲနှင့်လရိပ်ကိုမေးလာသည်။

"သူသူ"

၀မ်းနည်းသောအသံဖြင့်သူသူ့၏ အမည်အားခေါ်မိသည်။

"မိုး ....မိုးစန္ဒာကလေလရိပ်ရဲ့အစ်မတဲ့"

"ဟမ်!!! "

သူသူသည်လည်းအံ့သြသွားကြောင်းသိသာပါသည်။

"အ ... အခုလရိပ်ရဲ့အစ်မကငရဲမှာသူသူရယ်"

ရေစက်Where stories live. Discover now