ရေစက်(30)

829 56 2
                                    

လရိပ်တစ်ယောက်၀လ္လာ၏ ရှေ့မှောက်တွင်သုံးနှုန်းရခက်နေသည်။

"မမကလရိပ် အဲ ... မိုး အဲ .... ကျွန်မရဲ့အိပ်ရာမှာပဲအိပ်မှာလား"

"အဆင်ပြေသလိုသုံးနှုန်းလိုက်ပါတော့လား"

"ရှင်!! တကယ်လား ကျေးဇူးတင်ပါတယ်"
"လရိပ်လို့ပေးသုံးနှုန်းတဲ့အတွက်ကျေးဇူးတင်ပါတယ်"

နာမည်ပေးသုံးသည့်အတွက်လရိပ် အလွန်ကျေးဇူးတင်ကာကျေးဇူးတင်ကြောင်းဆိုမိသည်။

"ငါလည်းမင်းကို 'လရိပ်' လို့ခေါ်မယ် ရတယ်မလား"

"ဟုတ် ရပါတယ် ကိစ္စမရှိပါဘူး"

"ok လရိပ် ငါမင်းနဲ့ပဲတူတူအိပ်မယ်"

"ဟုတ်ကဲ့ ဒါဆိုအိပ်ရာတွေပြင် လိုက်ပါ့မယ်"

အိပ်ရာပြင်ရန်ထွက်သွားသောလရိပ်၏နောက်ကျောကိုကြည့်ကာ၀လ္လာတစ်ယောက် သူမ၏လမင်းလေးအားသတိရလွမ်းဆွတ်နေတော့သည်။
_____________

နေမင်းကြီးဟာဒီရေများသဖွယ်တက်လိုက်ကျလိုက်နှင့်ကုန်ဆုံးတော့သည်။
နေ့ရက်များသည်လည်းပဲတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာတော့သည်။

ကုန်ဆုံးမှန်းပင်မသိလောက်အောင်တိုတောင်းလှသောအချိန်တစ်ပတ်အတွင်း လရိပ်နှင့် ၀လ္လာတို့၏ဆက်ဆံရေးမှာလည်းအတော်ပင်အဆင်ပြေလာသည်။

တစ်ခုသာရှိပါသည်။မနက်မိုးလင်းသောအချိန်တိုင်း၌လရိပ် အခြားဘက်သို့မျက်နှာမူ၍အိပ်စေကာမူမိုးလင်း၍နိုးလာတိုင်း၀လ္လာ့ရင်ခွင်ထံသို့ရောက်ကာအိပ်ပျော်နေခြင်းပင်။
နိုးလာသည်နှင့်ပထမဦးစွာမြင်ရသည်မှာ၀လ္လာ့မျက်နှာကလေးပင်။

ပြင်ဆင်ထားခြင်းမရှိသည့်တိုင်ကြည်လင်း၀င်းပနေသောမျက်နှာကလေးဟာငေးပြီးရင်းဆက်ငေးစေချင်သည်။အိပ်ပျော်သောအခါ၌အနည်းငယ်ဆူနေသယောင်ဖြစ်နေသောနှုတ်ခမ်းကလရိပ်ကိုဆွဲဆောင်စေသည်။ရှည်လျားကာကော့စင်းနေသောမျက်တောင်များဟာလည်းသူ့နေရာနှင့်သူ လှပစွာနေရာယူထားသည်။

၀လ္လာနှင့်ရှိနေသည့်အချိန်တိုင်းလရိပ်ရင်ခုန်မိသည်။

ထိုသို့ရင်ခုန်ခြင်းသည်အချစ်ပါလား

ရေစက်Where stories live. Discover now