ဧကရီဟာဆ်ိုင်တစ်ဆိုင်ကိုခေါ်လာခဲ့သည်။ဧကရီခေါ်လာတဲ့ဆိုင်ဟာဒီနေ့မှလူများသည်လားသို့မဟုတ်နေ့တိုင်းလူများသည်လားပင်မသိတော့။အင်မတန်လူများလွန်းလှသည်။
များပြားလှသည့်လူအုပ်များထဲမှအစ်မတစ်ယောက်ဟာလရိပ်တို့ကိုလက်ပြနှုတ်ဆက်လိုက်သည်။
ဧကရီနဲ့လရိပ်လည်းထိုအစ်မနားသို့သွားလိုက်သည်။"ဧကရီ ဧကရီတခြားနေရာမှာထိုင်ပေးလို့ရမလားဟင်"
"ဒါပေမယ့်စန္ဒာ ... "
"မပူပါနဲ့ ဖြေရှင်းနိုင်ပါတယ်"
"အင်း ပြီးရော"
ဧကရီဟာထို၀ိုင်းမှထသွားကာမျက်စောင်းထိုးကခုံမှာသွားထိုင်နေသည်။
"ဒါကြောင့်ကိုး"
~ဘာလဲဟ အစမရှိ အဆုံးမရှိ
"ဘာကိုပြောတာပါလဲအစ်မ"
"ညီမကဒီလောက်လှလို့အစ်မအမျိုးသား ..... အဲလေ အမျိုးသားဟောင်းကညီမမှညီမဖြစ်နေတာ"
"ရှင်!! "
"အစ်မတို့ကွာရှင်းလိုက်ကြပြီလား"
"ဟုတ်တယ် အစ်မတို့မနေ့ကပဲကွာရှင်းလိုက်တာ"
"အစ်မရယ်"
"ကိုမြင့်ကတော့နင့်ကြောင့်မိုးလေးကငါ့ကိုရှောင်နေတာလို့ပြောတယ်"
လရိပ်ထိုအစ်မမျက်နှာကိုသေချာကြည့်မိသည်။ဒဏ်ရာအချို့ဟာအမာရွတ်အဖြစ်မျက်နှာထက်၌နေရာယူထားကြသည်။
"ပြီးတော့နင့်ကြောင့် နင့်ကြောင့်ဆိုပြီးအစ်မကိုရိုက်လေရဲ့"
"အစ်မရယ် အစ်မအတွက်ညီမတကယ်စိတ်မကောင်းဘူး"
လရိပ် အစ်မခင်မျိုးရဲ့လက်ကိုကိုင်ကာဆိုမိသည်။
"အဟမ်း .. လာညာနေတာလား"
ခနဲ့တဲ့တဲ့လေသံဖြင့်လရိပ်ကိုပြောသော်လည်းလရိပ်စိတ်မဆိုးမိ။သူ့အနေနဲ့ကြည့်ရင်မိုးစန္ဒာကလွန်သည်မဟုတ်လား။
"ညီမတကယ်မညာပါဘူး ညီမအခုအစ်မတို့ကိုပြုလုပ်ခဲ့သမျှအတွက်တောင်းပန်တာပါ"
ကိုယ်အခုနေနေတဲ့ခန္တာကိုယ်ရဲ့အရှုပ်တွေကိုရှင်းပေးရမယ်။တောင်းပန်ရမယ်လေ။
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}