ရေစက်(26)

837 64 3
                                    

လရိပ်ဒီနေ့မနက်ဆေးရုံမသွားပါ။ညနေမှသွားရမည်လေ။အကြောင်းကားထွေထွေထူးထူးမရှိ။လရိပ်၏အရင်ကသူငယ်ချင်းဟောင်းတစ်ယောက်
၏ဂေဟာ၌ကျန်းမာရေးစိစစ်ချက်အချို့လုပ်ပေးပြီးမေမေ့အတွက်အလှူအတန်းလုပ်ရန်ပင်။

ထိုသို့ဖြင့်မြန်မာ၀တ်စုံမိုးပြာရောင်လေးကို၀တ်ဆင်လိုက်သည်။သူသူတို့နှင့်ပြန်လည်အဆင်ပြေချိန်မှစ၍လရိပ်မြန်မာ၀တ်စုံများကိုသာတွဲဖက်၀တ်ဆင်လာသည်။

'နွေးထွေးမေတ္တာ မိဘမဲ့ဂေဟာ' ဟုနာမည်ရေးထိုးထားသောဆိုင်းဘုတ်ကိုမြင်လိုက်ရသည်။

{တကယ်ရှိသလားရှိသလားဆိုတာတော့သိပါ}

"မမမြိုင်!! "

မြိုင်။ခင်လေးမြိုင်။သူမဟာလရိပ်ကိုတွေ့သည်နှင့်လက်ပြနှုတ်ဆက်ကာလရိပ်အနားသို့လာသည်။

'မတွေ့တာကြာပြီနော်လရိပ် အဆင်ပြေလား'

စကားမပြောနိုင်သူမို့လက်အမူအရာဖြင့်သာသရုပ်ပြနေ
သည့်မြိုင်။

ဖြူဖွေး၀င်းလဲ့သောအသားအရည်ဟာတရုတ်မလေးတစ်ယောက်အလား။လရိပ်ထက်ပင်ဖွေးဥလွန်းလှသည်။

မြိုင်ဟာချမ်းသာသောမိသားစုမှဆင်းသက်လာသူတစ်ယောက်။သို့ရာတွင်ကံတရားသည်လူသားတို့အားလှည့်စားရာ၌ဆရာတစ်ဆူမဟုတ်ပါလား။

မြိုင့်အသက်၅နှစ်၌ Accident ဖြစ်ကာမိဘနှစ်ပါးလုံးဆုံးပါးသွားကြသလိုမြိုင်ဟာလည်းစကားမပြောနိုင်တော့။
မြိုင်၏မိဘများနှင့်ရင်းနှီးသောလင်မယားနှစ်ယောက်ဟာမြိုင်ပိုင်ဆိုင်ရမည့်အမွေများကိုမည်သို့လိမ်လည်ကာသိမ်းပိုက်လိုက်သလဲမသိ။ထိုသို့ဖြင့်မြိုင်ဟာဆင်းရဲသောဘ၀သို့နေ့ချင်းညချင်းပင်ကူးပြောင်းသွားတော့သည်။မြိုင့်ကိုစောင့်ရှောက်ခဲ့သောဂေဟာ၌ပင်ပြန်လည်ကာဆရာမလုပ်နေသည်။

မြိုင်ဟာလရိပ်ထက်ပင်အကြင်နာတရားကြီးမားလွန်းလှပါသည်။သူမကိုဂေဟာပို့လိုက်သောလင်မယားကိုစိတ်မဆိုးမလိုမုန်းတီးခြင်းလည်းအလျဥ်းမရှိ။ထိုမိသားစုဟာအခုတော့အတော်ချမ်းသာနေလေရဲ့။

ရေစက်Where stories live. Discover now