ရေစက်(25)

906 54 2
                                    

နန်းနှင့်သူသူတို့မရှိချိန်ဟာအတော်ပျင်းဖို့ကောင်းလွန်းလှသည်။ထိုသည်သာမက ဤလူ့လောက၌မေမေမရှိတော့သည်ဟူသောအသိကလရိပ်ကိုအတော်အထီးကျန်စေသည်။
ပြေးလွှားဆော့ကစားနေသောမိဘများနှင့်ကလေးငယ်များကိုမြင်တိုင်းမေမေ့ကိုလွမ်းမိသည်။

~မေမေကောင်းရာမွန်ရာမှာရှိနေမှာပါလေ

ဤသို့ဖြင့်သာဖြေသိမ့်ရင်းနေထိုင်ရသည်။
_______________

"ဒါဆိုအကျိတ်ကိုခွဲထုတ်ပြီးတာနဲ့မိုးစန္ဒာကချုပ်ဖို့ကိုတာ၀န်ယူလိုက်ပါ"

"ဟုတ်ကဲ့"

"ဒါဆိုမနက်ဖြန်အတွက်အဆင်သင့်ပြင်ထားကြပါ သွားလို့ရပါပြီ"

ခွဲစိတ်ရမည့်အကျိတ်အကြောင်းဆွေးနွေးပြီးသည်နှင့်ဆိုင်ရာနားနေခန်းထံသို့အသီးသီးပြန်သွားကြသည်။
_____________

"ဟုတ်ပါတယ်ဆို လရိပ်တကယ်ပြောတာပါ"

" ..... "

"ဟုတ်ကဲ့ ဒါဆိုဖုန်းချတော့မယ်နော်သူသူ"

" ..... "

ဟူးးးးးးး

သက်ပြင်းကိုသာအကြိမ်ကြိမ်ချမိသည်။

ဒေါက် ..... ဒေါက် ......

လရိပ်လှည့်ကြည့်သောအခါတွေ့လိုက်ရသည်မှာဌာနမှူး။

~ခုနက 'လရိပ်' လို့ပြောလိုက်တာကိုများကြားသွားလားမသိ

တစ်နေ့ကဖြစ်ပျက်ခဲ့သောအဖြစ်အပျက်ကိုတွေးရင်းလရိပ်တစ်ယောက်ကိုယ့်အတွေးနဲ့ကိုယ်ပင်ထိတ်လန့်နေတော့သည်။

" CT လာပေးတာ"

~တော်ပါသေးရဲ့

"ဟုတ်ကဲ့ ကျေးဇူးပါ"

လရိပ်ထယူရန်ပြင်လိုက်သော်ငြား၀လ္လာကမပေးကာစားပွဲပေါ်သို့ကိုယ်တိုင်ကိုယ်ကျတင်ထားလိုက်သည်။

ဘေးတိုက်မြင်လိုက်ရသော၀လ္လာ၏ပုံစံမှာငေးမောချင်စရာ။
ဘေးတိုက်အနေအထားမှလရိပ်ဘက်သို့ရုတ်တရက်လှည့်ကြည့်လာသောကြောင့်မျက်လုံးများဟာအကြည့်ချင်းဆုံလျက်။

၀လ္လာ၏မျက်လုံးညိုညိုလေးတွေဟာအကြည့်ချင်းခွာ၍မရအောင်ပင်ညှို့အားကောင်းလွန်းလှသည်။

ရေစက်Tahanan ng mga kuwento. Tumuklas ngayon