ရေစက်(13)

837 42 0
                                    

ဒေါက် ... ဒေါက် ....

"ဘယ်သူလဲမသိဘူး သွားဖွင့်
ကြည့်လိုက်မိုးစန္ဒာ"

"လူကိုခိုင်းလည်းခိုင်းသေးတယ် လေသံမာမာနဲ့လည်းပြောတယ်
ညင်ညင်သာသာလေးပြောလို့မရဘူးလား"

"ဖွင့်စရာရှိတာသွားဖွင့်စမ်းပါ"

"ဘယ်လိုအထက်လူကြီးလဲကိုမသိဘူး"

တံခါးဖွင့်လိုက်သောအခါတွေ့လိုက်ရသည်မှာညနေ၃နာရီတုန်းကတွေ့သည့်ထိုအမျိုးသား။

"ဘာကိစ္စရှိလို့ပါလဲ"

"မိုးနဲ့တွေ့ချင်လို့ပါ"

~သေရော ဒီလူကဘယ်လိုလုပ်အခန်းကိုသိတာလဲ

"မိုးအနေနဲ့ question ဖြစ်နေမှာပေါ့ အခန်းကိုဘယ်လိုသိတာလဲဆိုတာ"

လရိပ် ခေါင်းငြိမ့်ပြလိုက်သည်။

"ကိုယ် မိုးအနောက်ကိုလိုက်
ကြည့်ထားတာလေ"

~ဘာ!!! ဒုက္ခပါပဲ မမကတော့ငါ့ကိုအထင်လွဲတော့မှာပဲ

"ကိုယ် မိုးနဲ့မတွေ့တာကြာလို့စကားပြောချင်ရုံပါ"
"စကားပြောလို့ရနိုင်မလားဟင်"

"မိုးစန္ဒာ ဘယ်သူလဲ"

~oh god!! လရိပ်သေပြီပဲ

"ဟိုင်း ကျွန်တော်ကဇွဲလင်းပိုင်ပါ မိုးရဲ့အသိမိတ်ဆွေပါ ကျွန်တော် မိုးနဲ့စကားခဏလောက်ပြောလို့ရမလား"

ထိုသို့ကောင်းကောင်းမွန်မွန်မေးနေပုံကျ လူကောင်းသဏ္ဍာန်ပေါ်စေသည်။

"ရတယ် သွားပြော အခန်းရှေ့မှာလာပြောနေတာမျက်စိကိုနောက်တယ်"

"ဟုတ်ကဲ့ ကျေးဇူးပါဗျ သွားကြစို့"

လရိပ် မသွားသေးဘဲ မတိမ်၀လ္လာကိုကြည့်မိသည်။သူ့ကြည့်ရတာသွားစေချင်သည့်ဟန်။

"ဟုတ်ကဲ့ ခဏစကားပြောကြစို့"

လရိပ်နှင့်ဇွဲလင်းပိုင်တို့ ထွက်သွားကြသည်။

~မိုးစန္ဒာ မင်းကဟန်ဆောင်နေပေမယ့်အဖြေမှန်ကပေါ်လာဆဲပါလားကွာ

မျက်နှာထက်၌မဲ့ပြုံးတစ်ခုဖြစ်ထွန်းလာသည်။တစ်ဆက်တည်းမှာပဲ၀မ်းနည်းမှုအရိပ်ယောင်တွေဟာသန်းလာသည်။

ရေစက်Where stories live. Discover now