လရိပ်တစ်ယောက် မနက်မိုးလင်းကတည်းကတက်ကြွနေ၏။အကြောင်းကားအခုမှစ၍သူမ၀ါသနာပါရာခွဲစိတ်ခြင်းကိုပြုလုပ်ရမည့်အတွက်ကြောင့်ပင်။
မနက်စာစားအပြီးပြင်ဆင်ပြီးသည်နှင့်လရိပ်တစ်ယောက်မာစီးဒီးကားကိုစီးကာဆေးရုံသို့ထွက်ခွါလာလိုက်သည်။*******
ဟူးး ....~လရိပ် you can do this
ကိုယ့်ကိုကိုယ်အားပေးကာဆေးရုံသို့ယုံကြည်ချက်အပြည့်ဖြင့်ခြေလှမ်းကာ၀င်လာလိုက်သည်။
___________
"ဒီမှာအချိန်စာရင်း ငါ့တူမ""ဟုတ် ကျေးဇူးတင်ပါတယ် သွားလိုက်ပါဦးမယ်နော်"
___________ဆေးရုံအုပ်ထံမှအချိန်စာရင်းတောင်းယူပြီးဌာနမှူးဆီသို့ဦးတည်လာလိုက်သည်။
ဒေါက် .... ဒေါက် ....
"၀င်လာခဲ့ပါ"
တည်ငြိမ်ပြတ်သားသောအသံတစ်ခုကိုလရိပ်ကြားလိုက်ရသည်။ထိုအသံကိုလရိပ်ရင်းနှီးသည်။သို့သော်စဥ်းစား၍မမိ။နာမည်ဘုတ်ပြားကိုလည်း
မကြည့်ချင်။စိတ်တင်းတင်းထားကာအထဲသို့၀င်သွားလိုက်သည်။
~ဟင်!! မတိမ်၀လ္လာ
"ဘာကိစ္စရှိလို့လဲ"
လေသံမာမာနှင့်မေးလိုက်သောတိမ်၀လ္လာကြောင့်ကျောပင်ချမ်းမိသည်။
"ကျွန်မ ခွဲ ... ခွဲစိတ်ဆရာ၀န်ဖြစ်သွားလို့ .... "
"အဲ့တော့"
နူးညံ့ခြင်းအလျဥ်းမရှိသောဌာနမှူးတိမ်၀လ္လာကြောင့်လရိပ်တံတွေးပင်မျိုချနေရသည်။
"ကျွန်မကိုလည်းခွဲစိတ်ခွင့်ပေးပါလို့ပြောချင်လို့ပါ"
"မနေ့တစ်နေ့ကမှခွဲစိတ်ဖြစ်လာတာဆိုတော့တာ၀န်ခံခွဲစိတ်ဆရာ၀န်တော့ပေးမလုပ်နိုင်ဘူး"
ကျိုးကြောင်းဆီလျော်သလိုလူကိုတစ်ကွက်ပြလိုက်သောဌာနမှူးကြောင့်လရိပ်ပြောစရာပျောက်ဆုံးလျက်။
"ဟုတ်ကဲ့ လက်ထောက်ခွဲစိတ်ဆရာ၀န်လည်းဖြစ်ပါတယ်"
"ကောင်းပြီ နောက်နှစ်ရက်နေရင်ခွဲ၀ိတ်မယ့်သူရဲ့ဓာတ်မှန်တွေကိုဒေါက်တာ၀ဏ္ဏကတစ်ဆင့်ပို့ခိုင်းလိုက်မယ်"
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}