အခန်း ၁

2.1K 95 1
                                    

ကျော့ရန့်တစ်ယောက် တစ်ခုခုက လွဲမှားနေကြောင်း သတိထားမိသွားသည်။

သူသည် အစိမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်လျက် ရှေးကျသော အခန်းတစ်ခန်းထဲရှိ မွေ့ရာပေါ်တွင် ကြာပန်းပုံစံထိုင်နေလျက်ရှိသည်။ သူ့အနေဖြင့် ကျင့်ကြံရေးလမ်းစဉ် လေ့ကျင့်နေသည့်အလား။

(*ကြာပန်းပုံစံ = တင်ပျဉ်ခွေထိုင်တာ)

မနေ့ညက ပုံကြမ်းဒီဇိုင်း ပြောင်းရန်အတွက် မနက်အစောအထိ အချိန်ပိုဆင်းခဲ့ရပြီး အိမ်ပြန်ရောက်ချိန်တွင် ရေပင်မချိုးနိုင်ဘဲ အိပ်ရာပေါ်တွင် အိပ်ပျော်သွားခဲ့သည် မဟုတ်လော။ လက်သည် အတော်လေး ဖွေးပြီး နူးညံ့သည်။ သူ့လက်များနှင့်မတူပေ။ သူသည် ဒူးအထက်ရှိ လက်လှလှလေးကို အကဲဖြတ်နေလျက်ရှိသည်။ ထို့နောက် တံခါးခေါက်သံထွက်ပေါ်လာခဲ့၏။

"ဒေါက် ဒေါက် ဒေါက်"

ကျော့ရန့်တစ်ယောက် ရင်တုန်သွားရ၏။ သူ့အနေဖြင့် မတ်တပ်ရပ်ရန် တွန့်ဆုတ်နေလေပြီး အသက်ပြင်းပြင်းသုံးချက်ရှူပြီးနောက် တံခါးကို သွားဖွင့်ပေးလိုက်တော့သည်။

တံခါးအပြင်ဘက်တွင် ရပ်နေသည်မှာ အသက် ၃၀ ကျော် အစ်ကိုတစ်ယောက်ဖြစ်ပြီး မီးခိုရောင်နှင့် အစိမ်းရောင်စပ်ထားသည့် တောက်လမ်းစဉ်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ တစ်လောကလုံးတွင် အချောဆုံးဟုပင် ဆိုရလောက်သူက သူ့ကို ပြုံးပြလာခဲ့၏။

"ရှစ်မေ့လျောင်,...ရှစ်ဖူက မင်းကို ဝါးဥယျာဉ်ဆီလာခဲ့ဖို့ ခေါ်နေတယ်"

ကျော့ရန် - ရှစ်မေ့လျောင်? ရှစ်ဖူ? ဝါးဥယျာဉ်? ဒါဘာတွေတုန်းဟေ...တကယ်လို့ ငါက ဝိဉာဉ်ကူးပြောင်းလာတာဆိုရင် ငါ့မှာ လွှဲပြောင်းလာတဲ့ မှတ်ဉာဏ်တွေ ဘာလို့မရှိရတာလဲ...လူသစ်လမ်းညွှန် ဘာလို့မရှိတာလဲ...နေပါဦး ငါသေသွားတာလားဟ...

"ဟို....ရှစ်ရှုန်း"

ကျော့ရန့်က မဝံ့မရဲ မေးလိုက်၏။

ဆရာတူအစ်ကိုက ကြင်နာစွာ ပြောလာခဲ့သည်။

"ရှစ်မေ့ စိတ်လှုပ်ရှားနေတာလား။ စိတ်လှုပ်ရှားဖို့မလိုပါဘူး။ ရှစ်ဖူက မင်းနဲ့ စကားပြောချင်ရုံပါ။ မြန်မြန်လုပ်"

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now