အခန်း ၃၅

194 20 3
                                    

"မင်း သေရမှာ မကြောက်ဘူးလား...အခု မင်းက သေရမှာမကြောက်ဘူးလား"

စစ်မာကျောင်းက မေးလိုက်သည်။

လျောင်ထင်ယန့်သည် အမှန်တရားမန္တန်မရှိလျင် သူ့ကို သိပ်စကားမပြောပေ။ မှန်မှန်သာ ဖြေလိုက်သည်။

"ကြောက်တာပေါ့ ကြောက်တာပေါ့။ ဒါကြောင့် ဒီနေ့ သူတို့တွေ တိုက်ခိုက်နေကြတဲ့အချိန် ကျွန်မ မကြည့်ခဲ့ဘူး"

သူသည် ဘယ်ဘက်လှည့်ပြီး တောင်များ ငှက်များကို ကြည့်လိုက်၊ ညာဘက်လှည့်ပြီး ကောင်လေးအုပ်စုကို ကြည့်လိုက်ဖြင့်သာ နေခဲ့သည်။ သူ့အနေဖြင့် နေ့လယ်ခင်း ခေါင်းလေ့ကျင့်ခန်း လုပ်ခဲ့သလိုမျိုးပင်။

"အိုး ငါက မင်းအပေါ် မတရားခဲ့တာပေါ့လေ"

စစ်မာကျောင်းက ပြောလိုက်သည်။

သူ့စကားများက ရွဲ့ပြောနေခြင်းဟုတ်မဟုတ် လျောင်ထင်ယန့် မသိပေ။ စစ်မာကျောင်း၏ စကားမများတတ်သော အကျင့်စရိုက်အရ ထိုစကားများက ရွဲ့ပြောခြင်းသာဖြစ်လောက်သည်ဟု လျောင်ထင်ယန့် ခန့်မှန်းလိုက်သည်။ သို့သော် စစ်မာကျောင်းသည် ပိုမိုငြိမ်းချမ်းနေသော ပုံစံပင်။ လျောင်ထင်ယန့်တစ်ယောက် မမေးဘဲမနေနိုင်တော့။

"သူတို့ကိုကြည့်ရတာ ကြာပန်းနီပွင့်ဖတ်ကို လိုချင်ကြပုံပဲ။ ဒါပေမဲ့ အဲဒါကို သုံးဖို့အတွက်က ရှစ်ကျုရဲ့ သွေးကိုလိုတယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား"

"ငါ့သွေးမဟုတ်ဘူး ဖုန်းရှန်းမျိုးနွယ်စုရဲ့သွေး"

စစ်မာကျောင်းသည် တောင်အတွင်းသို့ လမ်းလျှောက်ဝင်သွားခဲ့သည်။ သူ့ဝတ်ရုံလက်များက သူ့နံဘေးရှိ ပန်းများနှင့် အပင်များကို ပွတ်တိုက်သွားပြီး ပန်းရောင်ပွင့်ဖတ်များက မြေပြင်သို့ ကြွေကျသွားခဲ့သည်။

"ငါ မင်းကိုပြောတယ်လေ စစ်မာမျိုးနွယ်စုက သေပြီးတဲ့အခါ ဘာအလောင်းမှမကျန်ဘဲ အရိုးပုတီးစေ့တစ်ခုပဲ ကျန်ခဲ့တယ်ဆိုတာ။ အဲဒီအလောင်းတွေကို ချန်ထားလို့မရဘူး ဘာလို့လဲဆိုတော့ သူတို့ရဲ့ အသားတွေ သွေးတွေအားလုံးက သက်စောင့်ဆေးလိုပဲ။ ကန်းချန်းရှန်းဖူက ဒီမိသားစုတွေက ခွဲဝေယူကြမှာ။ စစ်မာမျိုးနွယ်စုမှာ ငါတစ်ယောက်တည်း ကျန်ပေမဲ့ အရင်က လူတချို့ ကျန်နေခဲ့တုန်းပဲ။ ဒါပေါ့ သူတို့တွေက နှစ်တွေအများကြီး အလောင်းတွေ လိုက်စုတယ်။ သူတို့လက်ထဲမှာ အသုံးဝင်တဲ့ အသားတွေ သွေးတွေ သေချာပေါက် ရှိနေမှာပဲ"

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now