အခန်း ၃၈

256 32 0
                                    

လူအုပ်သည် တရုန်းရုန်း ဖြစ်သွားသည်။ လျောင်ထင်ယန့်သည် အိပ်ပျော်နေသော်လည်း အားလုံး၏ အာရုံစိုက်မှုကို ဖမ်းစားလိုက်၏။

အထူးသဖြင့် ခေါင်းဆောင်ချန်းသည် ဤအမျိုးသမီးက ကြံစည်နေပုံမပေါ်ကြောင်း တွေးလိုက်မိသည်။ သို့သော် စစ်မာကျောင်းကို အပိုင်သိမ်းနိုင်သည့် အမျိုးသမီးက အဘယ်ကြောင့် ရိုးအပြီး ရိုးရှင်းသူ ဖြစ်ပါပေမည်နည်း။ ဤအမျိုးသမီးသည် အလွန်ထက်မြက်ကြောင်း သူ ကောက်ချက်ချလိုက်သည်။ ထို့အပြင် လျောင်ထင်ယန့်သည် ရုတ်တရက် အိပ်ပျော်သွားခဲ့ခြင်းဖြစ်ပြီး ကြုံရာကျပန်း သရုပ်ဆောင်လိုက်ပုံပေါ်ပြီး တကယ်တမ်းတွင် ကြည်လင်ကောင်းကင်တောင်ကြားတပည့်များ၏ အပြုအမူမှ လွတ်မြောက်ရန်အတွက် ဖြစ်နိုင်သည်။ ထိုမိန်းကလေးသည် သူ၏ အကြံအစည်ကို ပါးနပ်စွာ ရှောင်တိမ်းလိုက်ခြင်းဖြစ်၏။

ဤလျောင်ထင်ယန့်သည် သာမန်လူ မည်သို့မျှမဖြစ်နိုင်။ ဤသို့သော တပည့်မျိုးက ကြည်လင်ကောင်းကင်တောင်ကြား၏ မေပယ်နီဂိုဏ်းခွဲမှ တပည့်ငယ်လေးသာ ဖြစ်နိုင်ပါ့မည်လော။ ရှစ်ချန်းသည် လျောင်ထင်ယန့်၏ ဖြစ်တည်မှုကို သံသယဝင်မိသည်။ ယခင်က သူ လူလွှတ်ပြီး စုံစမ်းခိုင်းဖူးသော်လည်း ဘာသဲလွန်စမျှမတွေ့ခဲ့။ မိန်းကလေးသည် ကံအားလျော်စွာဖြင့်သာ ရွေးချယ်ခံခဲ့ရခြင်းပင်။ ယခုအခါတွင် သူ ထပ်ပြီးသံသယရှိလာပြန်ပြီး သူ့တပည့်ကို တိတ်တဆိတ် ထပ်မံစုံစမ်းခိုင်းလိုက်ပြန်၏။

စစ်မာကျောင်းက ထိုအမျိုးသမီးကို အရင်အရမယူခင် သူ့အနေဖြင့် အလျင်အမြန် သူ့ဘက်ပါအောင် လုပ်ရပေမည်။ ဖုန်းရှန်းဂိုဏ်း၏ နောက်ဆုံးမျိုးဆက် စစ်မာကျောင်းကို သူ မထိန်းချုပ်နိုင်သည့် အပြောင်းလဲမျိုး ရှိခွင့်မပေးနိုင်ပေ။

တကယ်တမ်းတွင် လျောင်ထင်ယန့်ကို ကန်းချန်းရှန်းဖူဆီ ဝင်ရောက်နိုင်အောင် စီစဉ်ပေးခဲ့သည့် ယွမ်မိသားစုမှ ယွမ်ကျန်းသည်လည်း ထိုနေရာတွင် ရှိနေခဲ့သည်။ သူ့ဂုဏ်ထူးသည် ရှစ်ချန်းထက် မျိုးဆက်တစ်ဆက်နိမ့်သည်။ သူသည် အနည်းငယ် အနောက်ဘက်ကျသော နေရာတွင် ထိုင်ရသည်။ သူသည် ပေါ်ပေါ်ထင်ထင်မနေသောကြောင့် သူသည် ပို၍သိုသိုသိပ်သိပ်ရှိပြီး မည်သူကမျှ သူ့ကို ဂရုမထားပေ။ လျောင်ထင်ယန့်နှင့် တောက်ဓမ္မအရှင်စစ်ကျန်ကြား ဖြစ်ပျက်ခဲ့သမျှကို သူ မျက်မြင်တွေ့လိုက်ရပြီး သူ၏ ပီတိဖြာမှုကို စကားလုံးနှင့်ပင် ဖော်မပြနိုင်တော့။ သူ့အနေဖြင့် ဤသို့သော မိန်းကလေးကြောင့် အောင်မြင်နိုင်ချေမရှိဟု ခံစားမိခဲ့သော်လည်း နတ်ဘုရားများက သူ့ကို ကူညီပေးနေခဲ့၏။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now