အခန်း ၁၀

279 36 0
                                    

သူတော်စင်သုံးဦးတောင်တွင် စကားတစ်ခွန်းဖြင့် လူသတ်သော ဘိုးဘေးကြီးနှင့် မျက်တောင်တစ်ချက်မခတ်ဘဲ လူကို စားနိုင်သော မြွေနက်ကြီးမှလွဲ၍ အခြားသက်ရှိသတ္တဝါများကို မတွေ့ရပေ။

၉၉ ယောက်သာကျန်သည့် မိန်းကလေးအယောက် ၁၀၀ အုပ်စုသည် မျှော်စင်အောက်ခြေတွင် မတ်တပ်ရပ်နေကြလျက်ရှိသည်။ တစ်ခဏမျှရပ်ပြီးနောက်တွင် ခေါင်းဆောင်မိန်းကလေး ကျင့်ကြံရေးသမားက လည်ချောင်းဟန့်လိုက်ပြီး ပြောလာခဲ့သည်။

“အရင်ဆုံး နေစရာနေရာရှာရအောင်။ ခေါင်းဆောင်က ငါတို့ကို ဆရာသခင်ကို ခစားစေချင်မှတော့ ငါတို့ ဒီမှာပဲနေရမယ်”

“ဒါပေမဲ့ ဒီမှာဆိုရင် ကျွန်မတို့တွေ ဝိညာဉ်စွမ်းအားကို သုံးလို့မရဘူးလေ။ ဒီမှာ လေ့ကျင့်လို့မရဘူး။ ဘာလုပ်ကြမှာလဲ”

မုနီရှန်းက ပြတ်ပြတ်သားသား ပြောလာခဲ့သည်။

“ဝိညာဉ်စွမ်းအား သုံးလို့မရရင် သုံးဖို့မလိုဘူး။ လေ့ကျင့်လို့မရရင် လေ့ကျင့်ဖို့မလိုဘူး။ အခု အရေးကြီးဆုံးက ဆရာသခင်ပဲ”

လူအများစုသည် သူ့ကို ငြင်းဆန်ရန် ကြောက်နေကြသော်လည်း အချို့ကမူ သူ့စကားကို နားမထောင်လိုကြပေ။

“ရှစ်ကျဲနီရှန်း ကျွန်မတို့တွေ ဒီမှာ ရှစ်ကျူကို ခစားဖို့ ရောက်နေကြတာဆိုပေမဲ့ ရှစ်ကျူကို ကြည့်ရတာ….သူ့ကို မခစားစေချင်သလိုပဲ။ ကျွန်မတို့ ဒီမှာနေတာ အချည်းနှီးပဲဖြစ်မှာ”

အမျိုးသမီးအမတသည် နတ်သမီးတစ်ပါးနှယ် အေးစက်စက်နိုင်သည်။

သူသည် နန်းတော်သခင်တစ်ယောက်၏ မြေးမဖြစ်ပြီး မုနီရှန်းနှင့် ဂုဏ်ပုဒ်ဆင်တူပေသည်။ သူတို့သည် မတူညီသော ဂိုဏ်းများမှဖြစ်သည်။ ယခုအခါတွင် သူတို့တွင် ကိုယ်ပိုင်ခံယူချက်များ ရှိနေကြသည်။ နီးကပ်စွာ စုဝေးနေကြသည့် လူအုပ်သည် တဖြည်းဖြည်း ကွဲသွားကြပြီး တစ်ပုံကြီး ရပ်လျက်ရှိကြ၏။

လျောင်ထင်ယန့် - ….မဟုတ်သေးဘူးလေ ငါ အခုမှ ဒီနေရာကို ရောက်လာပြီး အန္တရာယ်ကတောင် မလွတ်သေးဘူးလေ…နင်တို့က ရန်ဖြစ်ကြမလို့လား…

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now