အခန်း ၁၇

241 33 0
                                    

လျောင်ထင်ယန့်တစ်ယောက် ရှေ့တံခါးသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်သွားလိုက်သည်။ ဘိုးဘေးက သူ့ကို အလုပ်ခန့်အပ်ထားသော်လည်း လုပ်စရာ အလုပ်မပေးခဲ့။ သူ့အနေဖြင့် တံခါးမှ မဝင်နိုင်လျှင် မည်သို့ဖြစ်မည်နည်း။ သူ မမြင်ချင်ယောင်ဆောင်ပြီး သွားအိပ်နေလျှင် ဖြစ်လာမည့် အကျိုးဆက်အကြောင်း စဉ်းစားနေလိုက်သည်။ သူသည် လက်မြှောက်လိုက်ပြီး တံခါးခေါက်လိုက်တော့၏။ မုနီရှန်း၏ သရော်သံက အနောက်မှ ထွက်ပေါ်လာခဲ့သည်။ ရှစ်ကျူရှိသည့် ဗဟိုမျှော်စင်က တံခါးခေါက်ရုံဖြင့် မည်သူ့ကိုမဆို ဖွင့်ပေးပါ့မည်လော။

တံခါးပွင့်သွားခဲ့၏။

လျောင်ထင်ယန့်သည် အေးဆေးတည်ငြိမ်စွာဖြင့် တံခါးမှ ဝင်သွားခဲ့သည်။ မုနီရှန်း၏ မောက်မာပြီး မထီမဲ့မြင်ပြုသော အပြုံးက ရပ်တံ့သွားခဲ့၏။

ဘာဖြစ်သွားတာလဲ…သူ ဝင်သွားတာလား…အဲဒီတံခါးက ခေါက်လိုက်ရင် ပွင့်တာလား…ယွင်ရှစ်ယွဲ့က ရှစ်ကျူကို သွားတွေ့ပြီး အနှောင့်အယှက်ပေးပြီးကတည်းက ဒီတံခါးက ကြုံသလို မဖွင့်ပေးတော့တာ မဟုတ်ဘူးလား…အဲဒီတပည့်လေးက ဘယ်လိုလုပ် ဝင်သွားနိုင်ရတာလဲ…

မုနီရှန်းသည် အနားကပ်သဖြင့် သေသွားရသူများအကြောင်း ပြန်တွေးနေသည်။ ထို့နောက် သူ့မျက်စိရှေ့တွင် ဝင်သွားသည့် လျောင်ထင်ယန့်အကြောင်း ပြန်တွေးလိုက်သည်။ သူသည် ရုတ်တရက် ထရပ်လိုက်ပြီး အရှေ့သို့ ပြေးသွားခဲ့သည်။

သူ့ကိုယ်သူ ထူးခြားသည်ဟု ထင်ခဲ့သော်လည်း ထိုအတွေးက ပျက်စီးသွားခဲ့သည်။ သူ မည်သို့ခံနိုင်ရည် ရှိပါ့မည်နည်း။ လျောင်ထင်ယန့် လုပ်ခဲ့ပုံကို ကြည့်ရန်အတွက် နောက်မှချက်ချင်း လိုက်သွားချင်ခဲ့၏။

ဗဟိုမျှော်စင်၏ တံခါးထဲသို့ ခြေလှမ်းချလိုက်ချိန်တွင် သူသည် အော်ဟစ်လိုက်ပြီး သွေးမြူခိုးများအဖြစ် ပေါက်ကွဲထွက်သွားခဲ့၏။

ဒက်—

လျောင်ထင်ယန့်တစ်ယောက် ခေါင်းလှည့်လိုက်ပြီး အလန့်တကြား အနောက်ကိုပြန်ကြည့်လိုက်သည်။ အပြင်က ကောင်မလေး အော်နေတာလား……သို့သော် တံခါးသည် ပိတ်သွားခဲ့ပြီဖြစ်ပြီး လျောင်ထင်ယန့်အနေဖြင့် အပြင်ကို မမြင်ရပေ။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Donde viven las historias. Descúbrelo ahora