အခန်း ၁၉

264 35 0
                                    

ထိုမီးတောက်က ‘စစ်မာကျောင်း’ကို အပြစ်တင်နေသံအား လျောင်ထင်ယန့်တစ်ယောက် ကြားလိုက်ရပြီး ထိုနာမည်သည် ဘိုးဘေး၏ နာမည်ဖြစ်လောက်ကြောင်း ခန့်မှန်းလိုက်၏။ မီးတောက်က ရုတ်တရက် ရပ်တံ့သွားခဲ့သည်။

လျောင်ထင်ယန့် သတိထားမိသည်။ သူ နောက်လှည့်ကြည့်လိုက်သောအခါ တံခါးဝတွင် အမည်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ဘိုးဘေးကြီးကို မြင်လိုက်ရသည်။ သူ၏ မျက်နှာအမူအရာက ဒေါသထွက်နေသည်။ သူသည် ရှေ့သို့တိုးလာခဲ့ပြီး မီးတောက်အောက်က အနီရောင် ကြာပွင့်လွှာများကို တစ်ခုပြီးတစ်ခု ဆွဲခွာပစ်သည်။ ပွင့်ဖတ် ၆ ခု….တစ်ခုကို ဆွဲခွာပြီးနောက်တွင် နာကျင်မှု ပြည့်နှက်နေသော ငိုရှိုက်သံတိုးတိုးကို လျောင်ထင်ယန့် ကြားမိ၏။

ဘိုးဘေးကြီးရှေ့တွင် မောက်မာသော မီးတော်ကသည် အရင်ကလို အကျယ်ကြီး မငိုရဲတော့ပေ။ ၎င်းသည် အလွန်အားနည်းနေပြီး စိတ်တိုနေလေ၏။ စစ်မာကျောင်းတစ်ယောက် ပွင့်ဖတ်များကို ခြွေပြီးသွားခဲ့ပြီဖြစ်ပြီး တစ္ဆေတစ်ကောင်နှယ် အပြင်သို့ ပျံထွက်သွားခဲ့၏။

“ဝူးးးး ငါ့ ပန်းပွင့်တွေ။ ငါ ပြုစုထားတဲ့ ပန်းပွင့်လေးတွေ”

မီးတောက်သည် ခပ်တိုးတိုးငိုလိုက်ပြီး လျောင်ထင်ယန့်ကို ကျယ်ကျယ်လောင်လောင် ပြောလိုက်၏။

“မင်း ငါ့ကို ကူညီရင် ငါ မင်းကို ကူညီမယ်။ အရူးကောင် စစ်မာကျောင်းနောက်လိုက်တဲ့လူ ဘယ်သူမဆို အဆုံးသတ်မကောင်းဘူး။ မင်း သူ့ကို ကူညီရင်တောင် သူက နောက်ကျရင် မင်းကို သေချာပေါက် သတ်ပစ်မှာပဲ။ ဒါပေမဲ့ မင်း ငါ့ကို ကူညီရင် ငါ မင်းကို ရတနာတွေ အများကြီးပေးနိုင်တယ်။ မင်း ငါ့ရဲ့ ကြာပွင့်နီကို မြင်ဖူးလား။ ပွင့်လွှာတစ်လွှာက နှစ်တစ်ထောင်ကျင့်ကြံစဉ်အခြေနဲ့ ညီမျှတယ်။ မင်း ငါ့ကို ကူညီသ၍ ငါ မင်းကို အခု ၂၀ ပေးမယ်ကွာ”

လျောင်ထင်ယန့် - မီးတောက်က စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအားနည်းတာလား…မီးတောက်ဖြစ်နေတာ မထူးဆန်းတော့ပါဘူး…မီးတောက်မှာ ဦးနှောက်မှမရှိတာ…

ယခုလေးတင် မြေပြင်ပေါ်သို့ စစ်မာကျောင်း ခွာချခဲ့သည့် ပွင့်ဖတ် ၆ ခုနှင့် လုံးချေပစ်ခဲ့သည့် ပထမတစ်ခုကို လျောင်ထင်ယန့်က ဘေးဖယ်ထားလိုက်သည်။ သူသည် စုစုပေါင်း ၇ ခုကို သိမ်းထားလိုက်၏။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now