အခန်း ၁၆

240 33 0
                                    

ပြီးခဲ့သော လဝက်အတွင်း မိန်းကလေးအရေအတွက်များစွာ သိသိသာသာ ကျဆင်းသွားခဲ့ပြီး တစ်ဝက်သာ ကျန်ခဲ့တော့သည်။ “ဆရာသခင်၏ ဇနီးလေးဖြစ်ရန်”အတွက် အတက်ကြွဆုံးအုပ်စုတွင် ကြောင်ပေါက်လေး ၂ ကောင် ၃ ကောင်သာ ကျန်တော့သည်။ “အခွင့်ရလျှင် ဆရာသခင်၏ တပည့်ဖြစ်လာရမည်”ဟူသော ဌာနတွင် စွဲစွဲမြဲမြဲ ကြိုးပမ်းနေသူ တစ်ဒါဇင်ကျော်လောက် ကျန်နေသေး၏။ လူအများစုက ဆရာသခင်ကို အလုပ်အကျွေးပြုချင်သော်လည်း သူတို့ ဘာလုပ်သင့်ကြောင်းမသိပေ။ သူတို့သည် အလွန်ကို ဇဝေဇဝါ ဖြစ်နေကြပြီး ရက်များစွာကို သာမန်ကာလျှံကာ ဖြတ်သန်းရုံသာ တတ်နိုင်သည်။ တစ်နေ့လုံး အကြောက်တရား ရင်ဝယ်ပိုက်ထားရသူ အယောက် ၃၀ ကျန်နေသေး၏။

ပထမနှစ်အုပ်စုတွင် သေဆုံးခဲ့သည့် လူအများစုသည် သူ့တံခါးဝသို့လာပြီး အစားအသောက် ဆက်သသူများပင်။ သို့သော် သူတို့သည် အလွန်ကို တက်ကြွလွန်းခဲ့သဖြင့် သေခဲ့ကြရသည်။ အချို့က သေဆုံးနိုင်သော အခြေအနေကို မတော်တဆ အစပျိုးမိသွားခဲ့ပြီး နေ့စဉ်နေ့တိုင်း လျှောက်သွားနေသည့် ဆရာဖြစ်သူ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သူတော်စင်သုံးဦးတောင်သည် လူသတ်မိစ္ဆာက လူတစ်ရာကို ရင်ဆိုင်နေသည့် ရှင်သန်ရေး နေရာကြီးတစ်ခုအလား။

ကျန်နေသော လူ ၅၀ သည် ယခုအခါတွင် အနည်းငယ် မျက်တွင်းကျလျက်ရှိပြီး ကြောက်ရွံ့နေကြသည်။ နေ့စဉ်နေ့တိုင်း သူတို့ဘေးရှိ လူအရေအတွက်ကို မြင်နေရသောကြောင့်ပင်။ သူတို့သည် မည်သည့်အချိန်တွင် မိစ္ဆာနှင့်တူပြီး သွေးဆာလောင်နေသော ဆရာသခင်နှင့် ကြုံကြိုက်ပြီး သူ့လက်ထဲတွင် သေရလောက်ကြောင်း မည်သူမျှမသိကြ။

သူတို့သည် ဝိညာဉ်စွမ်းအားကို မသုံးနိုင်ကြသလို သူတို့ကိုယ်သူတို့ မကာကွယ်နိုင်ပေ။ ထို့အပြင် ရှစ်ကျူနှင့် ရင်ဆိုင်ရလျှင် သူတို့တွင် ဝိညာဉ်စွမ်းအား ရှိနေလျှင်ပင် သူ့ရှေ့တွင် သူတို့သည် ပုရွက်ဆိတ်များသာ။ ထိုအချက်က သူတို့ကို စိတ်ဖိအားပိုများစေ၏။

စစ်မာကျောင်းသည် လူအများ၏ စိတ်ခံစားချက်များကို အလွန်ခံစားလွယ်သည်။ သူသည် အကြောက်တရား၊ ရွံရှာမှု၊ မနာလိုမှု၊ လောဘနှင့် အစရှိသည့် မကောင်းသော စိတ်ခံစားချက်များကို အလွယ်လေး သတိမူမိနိုင်သည်။ စစ်မာမျိုးနွယ်၏ “အမှန်တရား ကျမ်းကျိန်ချက်”ဟူသော ထူးခြားစွမ်းရည်ကိုပါ ယှဉ်တွဲလိုက်လျှင် အားလုံးနီးပါးသည် သူ့ရှေ့တွင် ဖောက်ထွင်းမြင်ခံရနိုင်၏။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now