အခန်း ၃၁

239 26 0
                                    

“ဒီနေရာကို သဘောကျလား”

စစ်မာကျောင်းက ရုတ်တရက် မေးလာခဲ့သည်။

လျောင်ထင်ယန့် - “သဘောကျတယ်”

ခေါင်းဆောင်ကို အထူးရွေးချယ်ထားသော တပည့်အနည်းငယ်က အပြုံးပန်းများ ချိတ်ဆွဲလျက် ဝန်းရံထားခြင်းဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ဆရာသည် ထိုအမျိုးသမီးတပည့်ကို ကြည့်လာခဲ့သည်။ အေးဆေးတည်ငြိမ်သောအသံနှင့် သဟဇာတဖြစ်နေသော စကားဝိုင်းကို ကြားလိုက်ရသောအခါ ခေါင်းဆောင်သည် စိတ်သက်သာရာရသွားသည်။ စစ်မာကျောင်းနှင့် သာမန်စကားစမြည်ပြောရန် မည်မျှရှားပါးလိုက်သနည်း။ သူ့အတွေး မှန်သွားခဲ့ပြီဖြစ်၏။

“ရှစ်ကျူနဲ့…သူ့အမျိုးသမီး…ဒီမှာ နေလို့ရပါတယ်။ တစ်ခုခုလိုအပ်ရင် ကျွန်တော့်ကိုသာ ပြောပါ။ လိုအပ်တာ အကုန်လုပ်ပေးပါ့မယ်”

ခေါင်းဆောင်သည် အလွန်ကို တွေးတောပေးတတ်သူပင်။

လျောင်ထင်ယန့် - “....”

သူ့အမျိုးသမီး?????

စစ်မာကျောင်းသည် အခေါ်အဝေါကို ဂရုစိုက်မနေဘဲ စိတ်မရှည်စွာဖြင့်သာ လက်ယမ်းပြလိုက်သည်။

“ထွက်သွား”

စစ်မာကျောင်းအရှေ့ရှိ ရိုသေကျိုးနွံသော ခေါင်းဆောင်ကို ကြည့်လိုက်ချိန်တွင် လျောင်ထင်ယန့်တစ်ယောက် ခေါင်းဆောင်ကို ပထမဆုံးအကြိမ် မြင်တုန်းကအချိန်ကို သတိရသွားခဲ့သည်။ ထိုအချိန်က ခေါင်းဆောင်သည် မြောက်ကြွမြောက်ကြွဖြင့် ဂန်းစတားပုံစံမျိုး ဖြစ်သော်လည်း ယခုအခါ လက်အောက်ငယ်သားလိုပင်။ စစ်မာကျောင်းကမူ အပေါက်ဆိုးသည့် အာဏာရှင်ပုံစံပင်။ လူအများ စကားပြောနေခြင်းက သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုလူများကို မောင်းထုတ်လိုက်၏။

လျောင်ထင်ယန့်သည် နှစ်ကြိမ်လောက် နောက်ပြန်ကြည့်လိုက်သည်။ စစ်မာကျောင်းက သတိထားမိသွား၏။ စစ်မာကျောင်းသည် လျောင်ထင်ယန့်ကို ကြည့်လာခဲ့ပြီး သူ့အတွေးများကို မြင်နေရသည့်နှယ် ပြုံးပြလာခဲ့သည်။ စစ်မာကျောင်းသည် ပြုံးလျက် ပြောလာခဲ့သည်။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now