အခန်း ၂၈

254 31 0
                                    



လျောင်ထင်ယန့်သည် သူသေတော့မည်ဟုထင်ခဲ့သော်လည်း မသေခဲ့ပေ။ သူသည် ခွေးမသားဆန်သည့် ထိတ်လန့်ရသောကျိန်စာကြီးကို ဖြတ်ကျော်ပြီးနောက် ပြန့်ကျဲနေသော မှတ်ဉာဏ်များကို မြင်လိုက်ရသည်။

ရုပ်ပုံရှိဇာတ်ဆောင်မှာ စစ်မာအဲ့ဟု အမည်ရှိသည့် ရိုးသားသော မိန်းကလေးတစ်ယောက်ပင်။ သူနှင့် သူ၏အမြွှာအစ်ကိုမှာ စစ်မာဂိုဏ်း၏ နောက်ဆုံးဂိုဏ်းသားများဖြစ်ကြသည်။ သူတို့မိသားစုမှာ ပျက်စီးခြင်းတစ်ဖက်ကမ်းသို့ ရောက်လာလေပြီ။ သို့သော်လည်း စစ်မာမိသားစုသည် ဖျက်ဆီး၍မရနိုင်။ သူတို့သည် သူတို့၏မျိုးဆက်ကို ဆက်လက်တည်တံ့စေသည်။ ထို့ကြောင့် စစ်မာအဲ့သည် သူမွေးဖွားလာကတည်းက ချို့တဲ့နေသော ပတ်ဝန်းကျင်တွင် နေခဲ့ရသည်။ သူသည် သူ၏အစ်ကိုနှင့်အတူ အရိုက်အရာဆက်ခံသူကို မွေးထုတ်ပေးရန်အတွက် ကံကြမ္မာဖန်ခဲ့ရသည်။

ဖုန်းရှန်းဂိုဏ်း၏စစ်မှန်သောမျိုးဆက်ကို ထိန်းသိမ်ရန်အလို့ငှာ စစ်မာဂိုဏ်းသည် အပြင်လူများနှင့် ဘယ်သောအခါမှ အတူတကွမနေခဲ့ကြပေ။ ထိုအရာမှာ သူတို့အတွက် ဖုန်းရှန်းဂိုဏ်း၏မျိုးဆက်ကို ညစ်ညမ်းစေသည့်အတွက် အပြစ်ရှိကာ ခွင့်မလွှတ်နိုင်စရာပါပေ။ အမှန်က စစ်မာဂိုဏ်းထဲတွင် ဆွေနီးမျိုးနီးဆက်ဆံရေးများသည် သန့်စင်သောမျိုးဆက်အတွက် ထူးခြားမနေခဲ့ပေ။ ဖုန်းရှန်းဂိုဏ်း၏ သန့်စင်သောသွေးတွင် လင်ရှန်း၏ မီးတောက်ပါရှိရသည်။ 

လျောင်ထင်ယန့်သည် ကြီးမားနီရဲသော ပါးစပ်ကြီးနှင့်အတူ နီရဲသောမျက်နှာပေါ်တွင် မီးတောက်ကလေးတစ်ခုကဲ့သို့ လောင်ကျွမ်းနေသော လင်ရှန်းမီးတောက်ကို တွေ့လိုက်ရသည်။ ထိုအရာသည် ကလေးတစ်ယောက်ကို ကျိန်ဆဲနေသည့် မီးတောက်ကလေးထက် ပို၍ဉာဏ်ကောင်းသည်။ ခြုံပြောရသော် အလွန်အရေးကြီးသည့် ရတနာတစ်ပါးပင်။ ဤမျိုးဆက်၌ လင်ရှန်းမီးတောက်အား ထောက်ပံ့နေသူမှာ စစ်မာအဲ့တစ်ယောက်သာရှိခဲ့သည်။ သူသည် ကလေးဘဝကတည်းက သူတော်စဥ်သုံးဦးတောင်ပေါ်တွင်သာ ကြီးပြင်းခဲ့ရသည်။ မရေမတွက်နိုင်သောအစေခံများနှင့် တပည့်များ ခစားလျက်ရှိပြီး အစားအသောက်ဖိုးနှင့် အဝတ်အစားဖိုးတို့မှာ အဖိုးတန်ဆုံးအရာများသာဖြစ်ခဲ့သည်။ လျောင်ထင်ယန့်၏အမြင်အရ သူသည် လောက၌ အကောင်းဆုံး မင်းသမီးလေးဖြစ်ခဲ့သည်။ သို့သော် အရိုးသားဆုံးဖွင့်ဟရလျှင် သူသည် အမှန်တကယ် သနားစရာကောင်းလှ၏။

စစ်မာအဲ့သည် မီးတောက်များကို သဘောကျ၏။ အိုး ဤမှတ်ဉာဏ်ထဲတွင် မီးတောက်သည် ကလေးလေးတစ်ယောက်မဟုတ်ဘဲ ကြမ်းကြုတ်သော လူတစ်ယောက်ပင်။ မည်သူက သူ့ကိုလာခစားပါစေ သူသည် သူတို့ကို ဆူပူလိမ့်မည်။ စစ်မာအဲ့သည် သူ့မိန်းကလေးဖြစ်ခဲ့၏။ သူမဆူပူနိုင်သောသူတစ်ယောက်ပင်။ သူ့ကို ကြိုက်ခဲ့မိသည်မှာ သနားစရာကောင်းလှသည်။ စစ်မာအဲ့အတွက် အဖိုးတန်မီးတောက်နှင့်အတူရှိနိုင်ရန် မဖြစ်နိုင်လှ။ မျိုးဆက်ပွားခြင်းအရာ၌ မယှဥ်နိုင်သောကြောင့် သူတို့၏ဆက်ဆံရေးမှာ "ချစ်ရေးချစ်ရာ အထောက်အပံ့"ဟူသော စကားလေးလုံးဖြင့်သာ ဖော်ပြနိုင်ခဲ့သည်။ မိန်းကလေးသည် ကလေးယူရန် အရွယ်ရောက်သည့်အခါ သူ့အစ်ကိုအား ကလေးယူရန် တောင်းဆိုခဲ့ရ၏။

လျောင်ထင်ယန့်သည် ဤမှတ်ဉာဏ်ထဲတွင် သူတော်စဥ်သုံးဦးတောင်ကို မြင်ခဲ့ရသည်။ နန်းတော်မှာ ခမ်းနားထည်ဝါလှ၏။ ပရိဘောဂအခင်းအကျင်းမှာ လက်ရာမြောက်၏။ အစေခံများမှာ တိမ်များနှင့်တူပြီး တစ်ဦးချင်းသည် ကိုယ်လုပ်တော်နတ်မိမယ်များနှင့်တူလှသည်။ သူသဘောအကျဆုံးအရာကား ပီထန်မီးတောက်၏ မြေညီထပ်တွင် ချိတ်ဆွဲထားသော ဖူရှီးနွီးဝါးပုံကြီးပါပင်။ သူသည် နေ့တိုင်း ရှိခိုးခဲ့သည်။ ငယ်ရွယ်သောမိန်းက‌လေးမှာ ဆန္ဒမရှိသော်လည်း ဖိအားအောက်းတွင် နာကျင်မှုများနှင့် အပေးအယူလုပ်ခဲ့ရသည်။

သူနှင့် သူအစ်ကိုတို့သည် စစ်မာကျောင်းဟုခေါ်သော ကောင်လေးတစ်ယောက်ကို ဖွားမြင်ပေးခဲ့ကြသည်။

ဤနာမည်ကို ကြားရုံနှင့် လျောင်ထင်ယန့်သည် ထိုမိန်းကလေးကား ဘိုးဘေး
မိခင်ဖြစ်ကြောင်း သဘောပေါက်မိ၏။

ယောက်ျားလေးတစ်ယောက်ကို မွေးပေးရုံပင် မလုံလောက်ခဲ့ပေ။ သူတို့သည် နောက်မျိုးဆက်အတွက် သန့်စင်သော မျိုးရိုးသွေးဆက်ကို သေချာစေရန် မိန်းကလေးတစ်ယောက်ကို မွေးဖွားပေးစေရန် လိုအပ်ဆဲဖြစ်ခဲ့ကြသည်။ သို့သော်လည်း စစ်မာအဲ့မှာ ဒုတိယကလေးအား မွေးဖွားပေးရန် မဖြစ်နိုင်တော့။ ထို့အပြင် သူ့အစ်ကိုမှာ ရုတ်တရက် ရူးသွပ်သွားခဲ့သည်။ သူသည် သူတော်စဥ်သုံးဦးတောင်ရှိလူများကို သတ်ပစ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သည်။ ဤမှတ်ဉာဏ်များမှာ မရှင်းလင်းလှ။ လျောင်ထင်ယန့်သည် အခြေအနေအား သူ့ဟာသူ ကောက်ချက်ချလိုက်၏။
ရုပ်ပုံမှာ ပြောင်းလဲသွားကာ မျက်တွင်းများချောင်ကျနေသော မိန်းကလေးအဲ့ခမျာ ဤအရာများအားလုံးကြောင့် ရူးသွပ်သွားအောင် ရိုက်သွင်းခြင်းခံခဲ့ပုံရသည်။ သူသည် ငယ်ရွယ်ဆဲဖြစ်ပြီး အရည်အချင်းရှိသည့်တိုင်အောင် အရွယ်ရောက်လာရန် အချိန်မရှိခဲ့ပေ။ ဟိုးအရင်ကတည်းက ကန်းချန်ရှန်းဖူသည် စစ်မာဂိုဏ်း၏ လောကကြီးလည်းမဟုတ်တော့သည့်အပြင် အုပ်ချုပ်သူမှာ အားနည်းခဲ့သည်။ လူအများသည် သူ့အား လင်ရှန်းမီးတောက်ကို ဂရုစိုက်ရန် တောင်းဆိုခဲ့ကြပြီး နောက်ပိုင်း သူ့ကလေးကြီးပြင်းလာသည့်အချိန်ကိုစောင့်ကာ နောက်ကလေးများကို မွေးစေချင်ခဲ့ကြသည်။ 

လျောင်ထင်ယန့်မှာ အံ့သြနေခဲ့၏။ ထိုအချိန်က စစ်မာကျောင်း၏အသက်မှာ ငယ်ငယ်လေးပင် ရှိဦးမည််။ 

ဘယ်လိုလုပ်ပြီး သူက ဝမ်းနည်းစရာကောင်းတဲ့လူတစ်ယောက်ကို ဒီလိုမျိုးဆုံးဖြတ်ချက်ချဖို့ တောင်းဆိုရတာလဲ...

သိသာလှစွာပင် အလွန်ပင်ရူးသွပ်နေခဲ့ပြီးဖြစ်သော စစ်မာအဲ့သည် လက်မခံနိုင်ခဲ့ပေ။ မှောင်မိုက်၍လေပြင်းထန်သော ညတစ်ည၌ သူသည် သူ့ကလေးကို လည်ပင်းညစ်သတ်ရန် ပြင်ဆင်နေခဲ့သည်။

လျောင်ထင်ယန့် - ....ငါလုံးဝရှော့ရသွားပြီ

ထို့နောက် စစ်မာအဲ့သည် ပီထန်တွင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သည်။ စိမ်းလဲ့လဲ့ရေကန်တွင် သူ၏သွေးများ စွန်းထင်းလျက်ရှိပြီး သူ့ဆီမှ အလွန်ကြီးမားသော ကြာပွင့်ကြီးတစ်ပွင့် ပေါက်လာခဲ့သည်။ တောက်လောက်နေသောမီးလျှံများသည် တိတ်ဆိတ်စွာပင် သူ့အားရစ်ပတ်ပြီး ပြာများအဖြစ်လောင်ကျွမ်းစေခဲ့၏။ 

ဤသို့သော ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်များကို သိရန် အားထုတ်ခဲ့ပြီး လျောင်ထင်ယန့်နိုးလာသောအခါ သူသည် သိပ်မကောင်းသလို ခံစားလိုက်ရသည်။ များများသိခြင်းက ကောင်းသောအရာတော့ မဟုတ်လှ။ ပိုသိလေလေ ပြဿနာ ပိုတက်လေလေပင်။ သူသည် ရုပ်ဆိုးသောမျက်နှာအများအပြားကို မြင်ခဲ့ပြီး ထိုမိစ္ဆာ၊ သရဲနှင့် မြွေများ၏ ဇစ်မြစ်ကို နားလည်လုနီးပါးဖြစ်ခဲ့ရသည်။ 

ဤဖြစ်အင်မှာ သူ့အဖို့ အလွန်လေးပင်လွန်းလှသောကြောင့် ဆက်၍မကြည့်ရှုနိုင်ခဲ့ပေ။ 

သူသည် ထိုကံဆိုးမိုးမှောင်ကျခဲ့သော မှတ်ဉာဏ်များမှ ပြန်လည်သက်သာသွားသောအခါ သူသည် အခြေအနေကိုနားလည်သွားပြီး ဆိုးရွားလာသလို ခံစားလာရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် မှောင်မိုက်နေသောထောင့်မှန်စတုဂံပုံသေတ္တာထဲတွင် လှဲလျောင်းနေသောကြောင့်ပင်။ 

လျောင်ထင်ယန့် - ...အား အား ငါ မြေမြှုပ်ခံလိုက်ရတာလား ငါမသေသေးတဲ့အချိန်မှာ အကယ်ခံရနိုင်မလား ဘယ်ခွေးက ငါ့ကိုမြှုပ်သွားတာလဲ...

သူသည် အားနည်းနေကာ ခါးမှာ နာကျင်နေခဲ့သည်။ ခြေထောက်များမှာ ကြွက်တက်နေခဲ့ပြီး သူ့ရင်ဘတ်မှာ လေးလံနေဆဲဖြစ်ကာ ပိတ်လှောင်နေခဲ့သည်။ သူသည် အခေါင်းအဖုံးကို မ,၍ထွက်ရန်ပင် အားမရှိတော့ပေ။ 

'လာပါဦး... ကယ်ကြပါဦး... ကျွန်မမသေသေးဘူး အသက်ရှင်နေသေးတယ်...."

"ဘိုးဘေး မြွေကြီး မီးတောက်လေး ဘယ်သူ့ကို ငါခေါ်သင့်လဲ"

"ကျွန်မကုမ္ပဏီအတွက် ဖြည့်ဆည်းပေးခဲ့ပြီးပြီ အလုပ်ရှင်အတွက် သွေးမျက်ရည်ကျခဲ့ပြီးပြီ..."

အခေါင်းထဲမှ မြောက်များစွာသောစကားလုံးများကို အော်ဟစ်ခဲ့ပြီးနောက် နောက်ဆုံးတွင် ‌လျောင်ထင်ယန့်သည် အားအင်အနည်းငယ် စုဆောင်းမိလာသလို ခံစားခဲ့ရသည်။ သူသည် ခြေထောက်ကိုမကာ ပြင်းပြင်းထန်ထန် ကန်လိုက်သည်။ ချက်ချင်းဆိုသလိုပင် အဟငယ်လေးပေါ်လာအောင် အခေါင်းအဖုံးကို ကန်နိုင်ခဲ့သည်။ ကံကောင်းစွာနှင့် အခေါင်းမှာ သံမရိုက်ရသေးပေ။ သို့မဟုတ် သူသည် ထိုနေရာ၌ ကြာရှည်စွာအသက်ရှင်ရဦးမည်ဖြစ်သောကြောင့်သာ။

သူသည် လက်ကိုမြှောက်ကာ ဟနေသည့်နေရာကို ရှာလိုက်ပြီးနောက် ခွန်အားအကုန်လုံးနှင့် နည်းနည်းချင်းစီတွန်းလိုက်သည်။ ခေတ္တကြာအောင်တွန်းပြီးနောက် သူသည် ကောင်းကင်နှင့်... ဘိုးဘေးကို နောက်တဖန် ထပ်မြင်ခဲ့ရသည်။ 

အမဲရောင်အဝတ်ဖြင့် ဘိုးဘေးမှာ အခေါင်းဘေး၌ မတ်တပ်ရပ်နေခဲ့သည်။ 

သူသည် နောက်သို့ မှီကာ သူ့ကိုကြည့်လိုက်ပြီး ပြောလိုက်သည်။

"မင်းနိုးလာပြီပဲ"

ထို့နောက် စစ်မာကျောင်းသည် လက်တစ်ချောင်းကိုသုံးကာ လျောင်ထင်ယန့် တွန်းလျက်ဖြစ်ပြီး တစ်ဝက်ကျန်နေသော အခေါင်းအဖုံးကို မ,လိုက်သည်။ 

'သောက်ကျိုးနည်း ရှင်ဘာလို့ အခုမှလာရတာလဲ အခြားလူက အခေါင်းအဖုံးကိုတွန်းနေတာကို ကြည့်ရတာ ပျော်ဖို့ကောင်းနေလို့လား ' 
လျောင်ထင်ယန့်သည် သူ့အား လွန်စွာပင် ဆူပူကြိမ်းမောင်းချင်ခဲ့သည်။ သို့သော်ထိုခဏ၌ သူသည် မှတ်ဉာဏ်ထဲတွင် မြင်ခဲ့သမျှကို သတိရသွားခဲ့၏။

ထားပါတော့ သူ့ကို မဆူပူချင်တော့ဘူး...

စစ်မာကျောင်းသည် သူ့မျက်နှာကိုကြည့်ကာ မေးလိုက်သည်။ 

" မင်းငါ့ကိုဆူချင်နေတာလား"

အမှန်ပြောမန္တာန် ပွင့်သွားပြီ။

လျောင်ထင်ယန့်မှာ သူ့ကိုယ်သူပင် မတတ်နိုင်တော့။

"အင်း"
စစ်မာကျောင်း၏မျက်လုံးများမှာ ထူးဆန်းနေခဲ့သည်။ သူက ပြောလာခဲ့သည်။

"မင်းငါ့ကို မဆူတော့ဘူးလား"

အနံ့ဆိုးထွက်နေတဲ့အရူးကောင် နင်ငါအော်နေတာကိုမကြားဘူးလား...

လျောင်ထင်ယန့်မှာ အသက်ရှင်ဆဲဖြစ်သော်လည်း မျက်လုံးမှာ အသက်မဲ့နေခဲ့သည်။ အခေါင်းအဖုံးမှာ နောက်ဆုံး၌ တွန်း၍ပွင့်ခဲ့ပြီ။ သူသည် ထပ်၍ ပြင်ဆင်ချင်ခဲ့သော်လည်း ဤတစ်ကြိမ်၌ လုံခြုံမှုအတွက် မြေကြီးထဲ၌ပင် အမြှုပ်ခံလိုက်ချင်တော့သည်။ 

သို့သော် သူ့အနေဖြင့် ဘိုးဘေး၏ ဦးနှောက်ပတ်လမ်းကို နားမလည်ခဲ့ခြင်းက သူ့စိတ်ကို စုံးစုံးမြှုပ်စေခဲ့သည်။ သူသည် မျက်ရည်များကျလာသည်အထိ စတင်ရယ်မောလာခဲ့သည်။ "ငါရယ်ပြီးရင် မင်းကိုသတ်မယ်" ဟူသော အပြုံးမျိုးမဟုတ်ဘဲ "ဒါက သိပ်ရယ်စရာကောင်းတာပဲ" ဟူသည့် စစ်မှန်သောအပြုံးမျိုးဖြစ်သည်။ သူသည် အခေါင်းကိုမှီနေခဲ့သောကြောင့် အခေါင်းတစ်ခုလုံးမှာ သူရယ်နေစဉ် လှုပ်ခါနေခဲ့၏။

လျောင်ထင်ယန့် - ရှင်အဆင်ရောပြေရဲ့လား ရူးသွားပြီလား အစ်ကိုကြီး....

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now