အခန်း ၂

529 46 0
                                    

ကျော့ရန့်တစ်ယောက် မှင်တက်သွားသည်။ သူ့ရှေ့ကလူသည် သူမ၏ စာမေးပွဲရလဒ်များက အားရစရာမရှိကြောင်း ပြောပြနေသည့် ဆရာတစ်ယောက်နှင့်ပင် တူနေသေးသည်။ သခင်လေးက နောက်ဆုံးတော့ ပြောလာခဲ့သည်။

"၃ ရက်ကြာပြီးတာနဲ့ ဆရာ မင်းကို လိုက်ပို့မယ်။ အသင့်ပြင်ထား"

ကျော့ရန့်တစ်ယောက် ဆရာဖြစ်သူ၏ ခေါင်းပေါ်ကို အလိုလိုကြည့်မိသွားသည်။ စာလိပ် သို့မဟုတ် အာမေဍိတ်အမှတ်အသားတစ်ခုခု ရှိသင့်ကြောင်း ခံစားမိခြင်းကြောင့်ပင်။ ဆရာသည် တာဝန်များပေးနေသည့် NPC* နှင့်ပင် တူသေး၏။

(*VR ဂိမ်း)

အသွားကလာခဲ့သည့် လမ်းအတိုင်း သူနိုးလာသည့်အခန်းကို ပြန်သွားရင်း ကျော့ရန့်တစ်ယောက် သက်ပြင်းချလိုက်တော့သည်။ သူ့အနေဖြင့် အနည်းငယ် စိတ်ရှုပ်သောကြောင့် သူ့ဆံနွှယ်များကို ကုတ်ခြစ်ပစ်လိုက်မိသည်။ မဟုတ်...အခြားလူတစ်ယောက်အဖြစ် ဟန်ဆောင်ရသည်မှာ အလွန်ပင် ဖိအားများလွန်းသည်။ သူ့အနေဖြင့် သေသာသေလိုက်ချင်တော့၏။

ကျော့ရန့်သည် အမှုမဲ့အမှတ်မဲ့ ခေါင်းလှည့်လိုက်ပြီး ထောင့်နားက မှန်တစ်ချပ်ကို မြင်သွားခဲ့သည်။ သူ့အနေဖြင့် မှင်တက်သွားပြီးနောက် ခုန်ထလိုက်ကာ သူ့မျက်နှာကို ကိုင်ကြည့်နေလေ၏။

လှလိုက်တာ...ဒီခန္ဓာကိုယ်က အမတနတ်သမီးများလား...

'ကဲပါ ငါ လုပ်နိုင်တယ်..ငါ မသေချင်တော့ဘူး'

မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် မည်သို့ပြန်သွားရမှန်းလည်း မသိသေး။ ထို့ကြောင့် သူ့အနေဖြင့် အရင်ဦးဆုံး လျောင်ထင်ယန့်အဖြစ်သာ ရှိနေရမည်။

လျောင်ထင်ယန့်၏ အခြေအနေသည် တကယ်တော့ အခက်ကြီးမဟုတ်ပေ။ အနီးနားက တပည့်များနှင့် ကောင်လေးများဆီမှ အခြေခံသတင်းအချက်အလက်များကို စုံစမ်းလိုက်သည်။ ဥပမာပြောရလျှင် ယခုနှစ်တွင် သူ့ကို ဆရာသုန်းယန်းက လက်ခံထားခြင်းဖြစ်ပြီး သူ၏ ကျင့်ကြံရေးအဆင့်သည် ဝိညာဉ်စွမ်းအင်အရင်းအမြစ် ၃ ခုနှင့်အတူ ချီသန့်စင်ရေးကာလ၏ အနိမ့်ဆုံးနေရာတွင်ရှိသည်။ ထိုအဆင့်သည် ပျမ်းမျှသာရှိသော စွမ်းရည်အဆင့်ပင်။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now