အခန်း ၅

281 29 2
                                    

ကျင့်ကြံရခြင်းက အတော်လေးမိုက်ကြောင်း ပထမဆုံးအကြိမ်အဖြစ် လျောင်ထင်ယန့် ခံစားမိလိုက်သည်။

သူ့အနေဖြင့် ယခုလိုမျိုး တစ်ချိန်လုံး လေ့မကျင့်နိုင်သည်မှာတော့ နှမြောစရာပင်။ အလံနီသည်းခံသူ…မဟုတ်သေး ဝန်ဆောင်မှုပေးမည့် ကိုယ်စားလှယ်အနေဖြင့် ဂါရဝပြုရန် သူတော်စင်သုံးဦးတောင်ကို မသွားခင် သူ့အနေဖြင့် ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး စကားပြောရဦးမည်ဖြစ်သည်။

သူသည် ကြည်လင်ကောင်းကင်တောင်ကြား၏ အစိမ်းရောင်ဝတ်စုံကို မဝတ်ထားဘဲ ဝေပေးထားသည့် အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ မိန်းကလေးတပည့် အယောက် ၁၀၀ လုံးက ထိုသို့သော ဝတ်စုံများကို ဝတ်ဆင်ထားကြခြင်းပင်။

ခါတိုင်းကဲ့သို့ပင် ဆရာဖြစ်သူက သူ့ကို အစည်းအဝေးသို့ လိုက်ပို့ပေးသည်။ ပြီးခဲ့သော ရက်အနည်းငယ်တွင် စီနီယာများက ပျော်ရွှင်နေကြသော်လည်း သိပ်မပျော်သော ဆရာဖြစ်သူသည် သူ့ကို အစည်းအဝေးခန်းမသို့ လိုက်ပို့ပြီး တစ်ယောက်ယောက် အမုန်းခံရအောင် မနေရန် စိုးရိမ်တကြီး မှာကြားတတ်၏။

ဆရာသည် ဆွေမျိုးတစ်ယောက်နှင့်ပင် ပို၍တူနေ၏။

လျောင်ထင်ယန့်ရောက်လာသည့် ခန်းမသည် သူ မြင်ဖူးသမျှထဲတွင် အခမ်းနားဆုံးတစ်ခုပင်။ အမိုးအမြင့်ကြီးကို မရေတွက်နိုင်သော နတ်သမီးရုပ်တုများ ထွင်းထုထားပြီး တလက်လက် တောက်ပနေသည့် ရောင်စုံရတနာများဖြင့် အလှဆင်ထားသည်။ ရွှေရောင်ကြိုးကြာ မီးအိမ်အမြင့်ကြီးများကိုလည်း တိမ်ပုံစံများ ထွင်းထားသည့် ကျောက်စိမ်းတိုင်များဘေးတွင် ထားထားပြန်သည်။ အလင်းပြန်နေသော မြေပြင်က ထူပြီး မာသည်။ ၎င်းသည် ဘုရားကျောင်းအတွင်းရှိ အလင်းရောင်တောက်တောက်များကို ရောင်ပြန်ဟပ်နေလျက်ရှိသည်မှာ နောက်ထပ် မှန်ပုံရိပ်ကမ္ဘာတစ်ခုအလား။

လျောင်ထင်ယန့်ကဲ့သို့ပင် ဘေးပတ်ပတ်လည်မှ ရှုခင်းများကို အံ့အားသင့်နေသည့် အချိုု့လူများလည်း ရှိကြသည်။ သို့သော် သူတို့သည် မျက်နှာအမူအရာများကို အမြန်ပြန်ထိန်းလိုက်ပြီး ခန်းမအလယ်တွင် ငြိမ်ငြိမ်လေး ရပ်နေလိုက်ကြသည်။ မှုန်ဝါးဝါးပုံရိပ်များစွာက ခန်းမအမြင့်နေရာတွင် ထားထားသည့် ကြားပန်းပုံစံ ဖန်ထိုင်ခုံတွင် ပေါ်လာခဲ့သည်။ အဓိကခေါင်းဆောင်၏ ခန္ဓာကိုယ်က ရောက်မလာဘဲ ပုံရိပ်အတုကိုသာ အသုံးပြုခြင်းပင်။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now