အခန်း ၁၃

267 40 2
                                    

ယွင်ရှစ်ယွဲ့သည် သူ၏ခေါင်းကို နူးညံ့စွာငုံ့လိုက်ကာ ပြော၏။

"တပည့် ဆရာသခင်ကို ခစားဖို့ရောက်လာကြောင်းပါ"

စစ်မာကျောင်းသည် သူ့ဆီလျှောက်လှမ်းလာခဲ့၏။ သူ၏ ကျယ်ပြန့်သောဝတ်ရုံမှာ သူ့နောက်တွင် မြွေတစ်ကောင်၏ အမြီးနှယ် ဆွဲပါလာခဲ့ပြီး သူ၏ မျက်လုံးများမှာ မြွေတစ်ကောင်၏ မျက်လုံးများကဲ့သို့ ‌အေးစက်လျက်ရှိသည်။

ယွင်ရှစ်ယွဲ့၏ခန္ဓာကိုယ်မှာ တောင့်တင်းလာခဲ့ပြီး မည်သည့်ထူးခြားမှုကိုမျှ ပြရန်မကြိုးစားမိတော့။ စစ်မာကျောင်းသည် သူ၏လက်အား သူ့ဆီသို့ ဆန့်ထုတ်လိုက်ပြီးနောက် ထပ်၍မေးခဲ့သည်။

"မင်းဒီကိုဘာလို့ရောက်လာတာလဲ"

ယွင်ရှစ်ယွဲ့ကား သူ၏ပါးစပ်ကို သတိမမူမိဘဲဖွင့်လိုက်ပြီး အရင်ကစကားနှင့် လုံးလုံးလျားလျားကွာခြားသော အဖြေကို ထွက်ဆိုမိခဲ့သည်။

"ကျွန်မက ဆရာသခင်ရဲ့ ကိုယ်လုပ်တော်ဖြစ်ချင်လို့ပါ။ ကျွန်မ စစ်မာမျိုးရိုးရဲ့သွေးပါတဲ့ ကလေးတစ်ယောက်လိုချင်တယ်။ ဖုန်းရှန်းဂိုဏ်း သွေးဆက်မှာ တခြားသွေးနှောရှိနေပြီဆိုရင် ကျွန်မတို့ ဘိုးဘေးကို ထောင်ချောက်ဆင်ဖမ်းလို့ရပြီ။ ကန်းချန်ရှန်းဖူရဲ့ အဓိကပြဿနာတစ်ရပ်ကို ဖြေရှင်းပေးပြီးရင် ကျွန်မတို့ယွင်ဂိုဏ်းတည်ရှိနေတဲ့ နန်းတော်က ကန်းချန်ရှန်းဖူရဲ့ ဆရာသခင်ဖြစ်လာတော့မှာ..."

သူသည် ကြောက်ရွံ့ဖွယ် ကြည့်မိလိုက်ပြီး ရပ်ချင်ခဲ့သော်လည်း သူလုပ်နိုင်သည့်အရာ ဘာမှမရှိပေ။ သူ၏ခန္ဓာကိုယ်မှာ သူ၏နှလုံးသားအတွင်း၌ ဝှက်ထားသော အတွေးများကို ဖော်ပြပေးသည့် ကိုယ်ပိုင်စိတ်ရှိနေပုံပင်။

စစ်မာကျောင်းသည် ယွင်ရှစ်ယွဲ့၏ စကားများကို နားထောင်ခဲ့ပြီး မအံ့သြခဲ့ပါပေ။ သူ၏ အမူအရာတောင် မပြောင်းလဲသွား။ သူသည် နောက်တစ်ယောက်အားမေးလိုက်သည်။

"မင်းကရော ဒီကို ဘာလာလုပ်တာလဲ"

အမျိုးသမီးမှာ ကြောက်ရွံ့မှုအပြည့်ဖြင့် ခုခံနေခဲ့သော်လည်း သူသည် ယွင်ရှစ်ယွဲ့ကဲ့သို့ပင် အမှန်တရားကို ပြောရန် မထိန်းချုပ်နိုင်တော့ပေ။ သူသည်လဲ ယွင်ရှစ်ယွဲ့နှင့် ဆင်တူသော နှုတ်မူသွင်ရှိသည်ပင်။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now