အခန်း ၇

279 39 0
                                    

ကန်းချန်းရှန်းဖူမှ တပည့်အုပ်စုများသည် မျိုးစုံသော ဇဝေဇဝါဖြစ်မှုများစွာဖြင့် သူတော်စင်သုံးဦးတောင်အောက်တွင် တစ်နေ့လုံး စောင့်နေကြသည်။ စောင့်ဆိုင်းပြီးနောက်တွင် လျောင်ထင်ယန့်၏ မူလက ထိတ်လန့်မှုများသည် ပျောက်ကွယ်သွားပြီး ငါးဆားနယ် စိတ်ဓာတ် ပြန်ဖြစ်သွားတော့သည်။

စင်ပေါ်က ကျောင်းအုပ်က “ဒီတစ်ခါ ရလဒ်ထွက်လာရင် မင်းတို့အားလုံးသေမယ်”ဟူ၍ အော်နေလျှင်တောင်မှပင် မမှုတော့။

ကြောက်လန့်ပြီးနောက်တွင် လျောင်ထင်ယန့်သည် စိတ်ဝင်စားမှုမရှိတော့ပေ။ မည်သို့ပင်ဖြစ်စေ အားလုံးသည် တစ်လှေတည်းစီးသူများ ဖြစ်ကြသည်။ ကြောက်စရာ ဘာမျှမရှိပေ။ သူသည် အလှမ်းဝေးသေးသော သေခြင်းတရားအကြောင်းကို မတွေးတော့ဘဲ ခြေထောက်မှ နာကျင်မှုကိုသာ စဉ်းစားမိတော့သည်။ သူ့အနေဖြင့် ငုတ်တုတ်ထိုင်ပြီး နားလိုက်ချင်တော့၏။

လူထုထဲတွင် သူသည် အနိမ့်ဆုံး ကျင့်ကြံရေးအဆင့်ရှိသော တစ်ယောက်သောသူ ဖြစ်ပေလိမ့်မည်။ ယခုလေးတင် ဘိုးဘေးကြီးသည် သူ့ကို နှာခေါင်းသွေးလျှံအောင် လုပ်လိုက်သည်။ သူ့အနေဖြင့် မည်သို့ ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မည်နည်း။ သူသည် ခန္ဓာကိုယ်အလေးချိန်ကို ဘယ်ဘက်မှ ညာဘက်သို့ ပြောင်းလိုက်၊ ညာခြေထောက်မှ ဘယ်ခြေထောက်သို့ ပြောင်းလိုက် လုပ်နေလေသည်။ နောက်ဆုံးတွင်မူ ကျားဂူထဲသို့ ကိုယ်တိုင်ဝင်သွားသည့် ခေါင်းဆောင်က ပင်မအခန်းဆောင်မှ ထွက်လာခဲ့၏။

သူ့ပုံစံသည် အရိုက်ခံလိုက်ရပုံပေါ်ပြီး အခြေအနေမဟန်ပေ။ သူ့ခေါင်းအထက်ရှိ ကျောက်စိမ်းအဆင်တန်ဆာသည် ကျိုးနေပြီး ခနော်နီခနော်နဲ့ ဖြစ်လို့နေသည်။ သန့်စင်ချောမောသော ထိုမျက်နှာသည် အနီနှင့်အဖြူရောင်တို့ ရောစွက်နေသည်မှာ အလွန်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။ သူသည် အသက်ဝဝမရှူနိုင်ဖြစ်နေပြီး အားအင်ချည့်နဲ့စွာ ပြောလာခဲ့သည်။

“ရှစ်ကျူက တံခါးပိတ်ကျင့်ကြံရေးကနေ ထွက်လာခဲ့ပြီ။ သူ့ကို နှောင့်ယှက်ဖို့ အဆင်မပြေဘူး။ ကျေးဇူးပြုပြီး ထွက်သွားကြပါ”

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now