အခန်း ၂၉

211 23 0
                                    

သူ လဲလျောင်းနေချိန်တွင် တဝကြီးရယ်ပြီးသွားသော စစ်မာကျောင်းသည် လက်မြှောက်လိုက်ပြီး သူ့ကို ပွေ့ချီထုတ်ပေးလိုက်သည်။ လျောင်ထင်ယန့် လဲလျောင်းနေသည့်နေရာသည် အမှန်တကယ်ပင် ခေါင်းတလားတစ်ခုပင်။ သို့မဟုတ် အလွန်လှသော ခေါင်းတလားတစ်လုံးပင်။ ၎င်းသည် ဗဟိုမျှော်စင်၏ ပထမအလွှာတွင် ရှိနေသည်။ ဘေးပတ်ပတ်လည်တွင် မီးငြှိထားသော ထူးဆန်းသည့် နဂါးပုံစံ ဖယောင်းတိုင် တောက်တောက်များရှိနေပြီး အလယ်တွင် လေးလံသော ခေါင်းတလားကြီး ရှိနေခြင်းပင်။ လျောင်ထင်ယန့်သည် အရှေ့တည့်တည့်နံရံပေါ်တွင် ဖူရှီးနှင့် နူဝါ၏ ပန်းချီကားချပ်ကိုလည်း မြင်လိုက်ရ၏။

စစ်မာကျောင်းက သူ့ကို ပွေ့ချီပြီး အပြင်သို့ လမ်းလျှောက်ထွက်သွားခဲ့သည်။ ဝတ်ရုံလက်အကြီးကြီးများဆီမှ လေဟပ်မှုက လမ်းနံဘေးတွင် ချထားသည့် ဖယောင်းတိုင်မီးများကို ယိမ်းထိုးသွားစေခဲ့၏။

လျောင်ထင်ယန့်သည် တစ်ရက်လောက် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်လောက်သည်ဟု တွေးနေသော်လည်း တကယ်တမ်းတွင် သူသည် လဝက်လောက် အိပ်စက်သွားခဲ့ခြင်းပင်။ ဗဟိုမျှော်စင်၏ အပြင်သို့ ရောက်သွားချိန်တွင် အပြင်ဘက်ရှိ အပျက်အစီးများအားလုံး ပျောက်ကွယ်သွားကြောင်း မြင်လိုက်ရသည်။ အဆုံးမဲ့သော မြေပြင်ကျယ်သာ ကျန်နေခဲ့တော့သည်။ တစ်ခါက ဗလာကျင်းနေသော ဝင်္ကပါဆန်သည့် အဆောက်အအုံအားလုံးလည်း ပျောက်ကွယ်သွားခဲ့ပြီး တစ်ဝက်ပြိုသွားခဲ့သည့် ဗဟိုမျှော်စင်သာ ကျန်နေခဲ့တော့၏။

လျောင်ထင်ယန့် - …..ငါ အိပ်ပြီး နိုးလာချိန်မှာ ကမ္ဘာကြီးက ပြောင်းပြန်လှန်သွားပြီ…

မြွေနက်ကြီးသည် အပြင်တွင် စောင့်နေလျက်ရှိသည်။ သူတို့ ထွက်လာသည်ကို မြင်လိုက်ရသောအခါ မြွေနက်သည် ၎င်း၏ ခန္ဓာကိုယ်ကြီးကို တွန့်ကာလိမ်ကဖြင့် သူတို့အနားသို့ ချဉ်းကပ်လာခဲ့လေသည်။ စစ်မာကျောင်းက ခြေထောက်မြှောက်လိုက်ပြီး အမြီးပေါ်တက်နင်းလိုက်ကာ အထက်ပိုင်းနား လျှောက်သွားလိုက်၏။

“သွား”

လျောင်ထင်ယန့် - …မဟုတ်သေးပါဘူး ငါတို့ ဘယ်သွားနေတာလဲ…သူ့အတွေးတွေကို ငါ ဘာလို့ အမှီမလိုက်နိုင်တာလဲ…

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now