အခန်း ၂၆

265 26 3
                                    

ကန်းချန်းရှန်းဖူ၌ ဖုန်းရှန်းဂိုဏ်းက မျိုးဆက်တိုင်းနီးပါး အုပ်ချုပ်ခဲ့ကြသည့် ခေါင်းဆောင်မိသားစုများမှာ ကောင်းကင်ဘုံနန်း‌တော်၏အဓိကရှစ်နေရာဖြစ်သော မြေ၊ ယင်၊ ယန်၊ နေ၊ လ၊ ကြယ်နဲ့ ဥတုလေးမျိုးတို့ ဖြစ်ကြသည်။ နန်းတော်တစ်ခုစီတိုင်းတွင် အဓိက မျိုးနွယ်အများအပြားရှိကြသည်။ ထို့အပြင် ဒါဇင်မှစ၍ ရာချီသောဂိုဏ်းခွဲများနှင့် မ‌ရေမတွက်နိုင်သော ဂိုဏ်းခွဲငယ်များရှိကြသည်။ လျောင်ထင်ယန့်သည် ဥတုလေးသွယ်နန်းတော်ရှိ အဓိကဂိုဏ်း နီစွေးမေပယ်အောက်က ဂိုဏ်းခွဲငယ်တစ်ခု ကြည်လင်ကောင်းကင်၏ တပည့်တစ်ယောက်ဖြစ်သည်။

ရှောင်းမိသားစု၏လက်ထဲတွင် နီစွေးမေပယ်ဂိုဏ်းမှာ နှစ်တစ်ထောင်နီးပါးရှိနေပြီဖြစ်သည်။ စစ်မာကျောင်းအား ရန်စ၍ သူတော်စဥ်သုံးဦးတောင်တွင် အသတ်ခံလိုက်ရသည့်အကြီးအကဲမှာ မေပယ်နီလိုင်းမှ ဖြစ်သည်။ သူသည် ရှောင်းမိသားစုနှင့် သက်ဆိုင်၏။

"ခေါင်းဆောင် နောက်ဆုံး‌တော့ ထွက်လာပြီပဲ အဘိုးအတွက် တရားမျှတမှုရှာပေးရမယ်" ရှောင်းဟွားရင်သည် မျက်လုံးများပိတ်ထားသည့် အလယ်အလတ်အရွယ်လူကြီး၏ဘေးတွင် ဒူးထောက်လိုက်သည်။

အလယ်အလတ်အရွယ်လူကြီးမှာ ရှောင်းမိသားစု၏ခေါင်းဆောင် ရှောင်းချန်လုံဖြစ်သည်။ သူသည် သူ၏သားများ၊မြေးများထက်ပင် ပို၍ငယ်ရွယ်ပုံပေါက်၏။ သူသည် နှစ်သုံးရာကြာတံခါးပိတ်ကျင့်ကြံခဲ့ပြီး မဟာယန(သူတော်စဥ်)နယ်ပယ်အား ရောက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

"တရားမျှတမှုအတွက်တောင်းဆိုတာလား"

ရှောင်းချန်လုံသည် သူ၏မြစ်မဆီသို့ ရိုးစင်းသောလေသံချန်ထားခဲ့သည်။ သူ၏မိသားစုမှာအလွန်ကြီးမားကာ သူ့ထံတွင်ရှိသော မြေးအရေအတွက်မှာ မရေမတွက်နိုင်အောင်ပင်။ သူ၏မျိုးဆက်တစ်ယောက်ချင်းစီကို စောင့်ရှောက်ပေးဖို့ရန် မဖြစ်နိုင်ချေ။ သူ့ရှေ့တွင် ရှိသော ရှောင်းဟွားရင်မှာ တံခါးပိတ်မကျင့်ကြံခင်ကဆုံတွေ့ခဲ့ဖူးတုန်းက ဆယ်ကျော်သက်အရွယ်လေးသာရှိခဲ့သည်။ နှစ်ပရိစေတ္တကြာပြီးနောက် သူထံတွင် ဤလူ၏ခံစားချက်တစ်ချို့သာကျန်ခဲ့တော့သည်။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now