အခန်း ၈

249 35 0
                                    

လျောင်ထင်ယန့်တစ်ယောက် ခြေထောက်များပျော့ခွေသားပြီး အနီးနားရှိ ရှစ်ကျဲတစ်ယောက်၏ လက်ကို ဆွဲကိုင်လိုက်သည်။ ရှစ်ကျဲသည်လည်း ခြေထောက်မခိုင်ဖြစ်နေပြီး သူ့ဘေးက နောက်တစ်ယောက်၏ လက်ကို ဆွဲလိုက်ပြန်၏။

လျောင်ထင်ယန့် - …..ငါတို့ ဒီကိုလာတာက ဘိုးဘေးအတွက် သေပေးပြီး ကစားခံဖို့မဟုတ်ဘဲ သူ့မြွေအတွက် အသားတုံး ဖြစ်ခံဖို့ပဲ….

သူသည် အလွန်ကြောက်ရွံ့သွားပြီး ကြက်သီးများထလာခဲ့သည်။ မြွေက သူတို့ကို မြိုချလိုက်လျှင် သူတို့ ဝတ်ဆင်ထားသည့် လက်ဝတ်ရတနာများနှင့် အဝတ်အစားများကို အစာခြေနိုင်ပါ့မည်လော အချိန်ယူ စဉ်းစားနေလေ၏။

အဆုံးတွင် ခေါင်းဆောင်က ထွက်လာပြီး မြွေကြီးကို တလေးတစား ပြောလိုက်၏။

“ချန်းပေ့ ကျွန်မတို့က တပည့်တွေပါ။ ကျွန်မတို့ ဒီကိုလာတာက ဆရာနဲ့ တွေ့ဖို့ပါ။ ခေါင်းဆောင်က ကျွန်မတို့ကို သူ့ကို အလုပ်အကျွေးပြုဖို့ အမိန့်ပေးလိုက်လို့ပါ”

(*ချန်းပေ့ - အကြီးအကဲ)

မြွေနက်ကြီးသည် တိုင်လုံးမြင့်ကြီးများအထက်မှ ဆင်းလာခဲ့ပြီး အသံတိတ် ကပ်လာခဲ့ကာ သူ၏ ဧရာမခန္ဓာကိုယ်ကြီးကို မိန်းကလေးများကို ဝိုင်းပတ်လိုက်သည်။ အဖျားနားတွင် ရပ်နေသော လျောင်ထင်ယန့်သည် မည်းနက်တောက်ပသော မြွေကြေးခွံက သူ့လက်ဘေးနားမှ ဖြတ်သွားလုနီးပါးဖြစ်ကြောင်း ခံစားလိုက်ရပြီး သူ့နှလုံးခုန်သံသည်ပင် ရပ်သွားမတတ်ပင်။

ဤမျှကြီးမားသော မြွေကြီးက အလွန်နီးကပ်နေသဖြင့် ယခုဘဝတွင် ပထမဆုံးအနေဖြင့် လျောင်ထင်ယန့်တစ်ယောက် ခါးသီးမှုကို ခံစားလိုက်ရသည်။

ကံကောင်းသည်မှာ မြွေကြီးက သူတို့ကို စားဖို့ မရည်ရွယ်ပေ။ ဓာတ်မီးကဲ့သို့သော မျက်လုံးများဖြင့် သူတို့ကို စိုက်ကြည့်ပြီးနောက် သူတို့ ဘေးမှ ဖြတ်ကျော်သွားခဲ့တော့သည်။ မြွေနက်ကြီးသည် ရှေ့သို့ ဆက်သွားပြီး ရစ်ယွဲ့ပန်းခင်းကို ဖြတ်သန်းသွားခဲ့၏။

“မြန်မြန် ချန်းပေ့နဲ့ အမှီလိုက်ကြ”

ခေါင်းဆောင်က တီးတိုးပြောလိုက်သောအခါ အားလုံးက အမြန်လိုက်သွားကြသည်။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now