အခန်း ၃၇

215 28 1
                                    

လျောင်ထင်ယန့်သည် စစ်မာကျောင်း၏ အမူအရာကို ကြည့်လိုက်ပြီးနောက် သူ ဘာကိုဆိုလိုမှန်း သဘောပေါက်သွားခဲ့သည်။

"ငါက မင်းဘေးနားမှာ ဖွင့်ထားတဲ့ ရေခဲသေတ္တာလိုပဲ၊ မင်း ဘယ်လိုလုပ်အိပ်နိုင်ရတာလဲ" ဆိုသည့်အစား "မင်းက ငါ့လို လူသတ်သမားဘေးမှာ အိပ်နိုင်တာလား"ဟူ၍ပင်။

မည်သို့ပင်ဖြစ်စေ ယခုတစ်ကြိမ်သည် လျောင်ထင်ယန့်တစ်ယောက် စစ်မာကျောင်းဘေးတွင် ပထမဆုံးအကြိမ် အိပ်ခြင်းမဟုတ်။ သူ တစ်ခုခုကို မှားပြောမိလို့လား....လျောင်ထင်ယန့်အနေဖြင့် သူ့စိတ်အတွင်းက ငြင်းဆန်ချက်ကို ထုတ်ပြချင်သော်လည်း သူ၏ အအိပ်မက်မှုက အပြစ်တင်ခံစရာ တစ်ခုပေလော။

တိုတိုပြောရလျင် လျောင်ထင်ယန့်တစ်ယောက် ထိုနေ့ညတွင် အိပ်မပျော်နိုင်ခဲ့။ သူ့တွင် ဘာမျှမရှိသည့်အခြေအနေနှင့် ညီမျှသည့် ကျင့်ကြံရေးအခြေခံအဆင့်ရှိသည်။ မဟာဘော့စ်ကြီး စစ်မာကျောင်းနှင့် နှိုင်းယှဉ်၍မရပေ။ ညမိုးချုပ်အချိန်တွင် သူ့ခမျာ အိပ်ချင်နေသော်လည်း ငိုက်နေသော မျက်လုံးတစ်စုံဖြင့်သာ အိပ်ရာပေါ်တွင် ထိုင်နေရန် ဖိအားပေးခံခဲ့ရသည်။ မြွေနက်ကြီးသည်လည်း ညသန်းခေါင်တွင် ညလယ်စာစားရန် ရောက်လာခဲ့ပြီး သူတို့နှစ်ယောက်လုံးကို မြင်သွားခဲ့သည်။ မြွေကြီးက စစ်မာကျောင်းကို မြင်လိုက်သောအခါ ကြောက်ကြောက်လန့်လန့်ဖြင့် ခေါင်းပြန်လှည့်ကာ ထွက်ပြေးသွားတော့သည်။ ညလယ်စာအကြောင်းလည်း မတွေးနိုင်တော့ပေ။

နောက်နေ့တွင် စစ်မာကျောင်းသည် လင်ယန်းတောင်ကို ထပ်သွားပြန်သည်။ လျောင်ထင်ယန်သည် သည်တစ်ကြိမ်တွင် ထိုင်စရာများနှင့် ထီးတို့ကို ယူလာဖို့မမေ့ခဲ့။ သို့သော် ကံမကောင်းစွာပင် အသုံးမဝင်ခဲ့။ အဘယ်ကြောင့်ဆိုသော် စင်မြင့်ကို ဘိုးဘေးကြီးနှင့် ခေါင်းဆောင်အတွက် တိုက်ခိုက်ပွဲကို ကြည့်ဖို့အတွက် အထူးဆောက်လုပ်ပေးထားသောကြောင့်ပင်။ ထိုင်ပြီး အနားယူစရာ ကူရှင်ပျော့ပျော့များ ရှိရုံသာမက စားစရာများလည်း ရှိနေသည်။ လျောင်ထင်ယန့်တစ်ယောက် အခက်တွေ့နေသည်။ အစားအသောက်က သူသဘောကျသောအရာတစ်ခုဖြစ်သည်။ သို့သော် အပြင်ဘက်တွင် နှစ်နပ်စာလောက် စားပြီးနောက်တွင် သူ့အကြိုက်များက ပြောင်းကုန်သည်။ သူသည် ခဏမျှတုံ့ဆိုင်းသွားပြီး စစ်မာကျောင်းဘေးတွင် ထိုင်လိုက်ကာ သူ့အနေဖြင့် ဘာကိုမျှ မမြင်သလို ဟန်ဆောင်လိုက်၏။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now