အခန်း ၆

269 31 0
                                    

လူသောင်းချီ၏ စူးရှသော မျက်ဝန်းများအောက်တွင် ကောင်းကင်ဘုံခေါင်းလောင်းက သူတော်စင်သုံးဦးတောင်တွင် ရုတ်တရက် မြည်ဟည်းလာခဲ့ပြီး တောင်သည်လည်း ချက်ချင်း လှုပ်ခါသွားခဲ့သည်။ သူတော်စင်သုံးဦးတောင်မှ မမြင်ရသော စွမ်းအင်အတက်အကျများက အရပ်မျက်နှာအသီးသီးသို့ ဆက်လက်ဖြာထွက်နေသည့်အလား။

လျောင်ထင်ယန့်တစ်ယောက် အနားကိုကပ်သွားပြီး ဇဝေဇဝါဖြစ်သလို ခံစားလိုက်ရသည်။ သူ့နှာခေါင်းသည် ပူလာပြီး နှာခေါင်းသွေးထွက်လာတော့၏။

လျောင်ထင်ယန့် - သောက်ကျိုးနည်း သွေးထွက်နေပြီ....

သူသည် အဆိုးဆုံးမဟုတ်သေး။ အဆိုးဆုံးမှာ သူတို့အထက်ရှိ ထိပ်တန်းခေါင်းဆောင်အုပ်စု ဖြစ်သည်။ အလင်းတန်းတစ်ခု ဖြတ်သွားကြောင်း သူတို့မြင်လိုက်ရသည်။ သူတို့အားလုံး အော်ဟစ်ပြီး အပြင်ဘက်သို့ ပျံသန်းထွက်လာခဲ့သည်။ နှစ်ယောက်ဆိုလျှင် မိန်းကလေးတပည့် အယောက် ၁၀၀ ရှေ့တွင် ယိမ်းထိုးနေလေ၏။ တာဝန်ရှိသူဟုထင်ရသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် သွေးတစ်ပွက်အန်ထုတ်လိုက်ပြီး ရှေ့သို့ ဒူးထောက်ကျသွားကာ အော်လိုက်၏။

“ရှစ်ရှူ (*ဆရာဦးလေး) စိတ်အေးအေးထားပါ”

ဆရာသခင်ဖြစ်သူက ဒူးထောက်နေချိန်တွင် အခြားလူများက ဒူးမထောက်လို့ရပါ့မည်လော။

ဆရာသခင်က အဘယ်ကြောင့် ဒေါသထွက်နေကြောင်း လျောင်ထင်ယန့် မသိသော်လည်း သူသည် ချက်ချင်း ဒူးထောက်ချလိုက်ပြီး ရှစ်ရှူကို ဒေါသလျှော့ရန် ပြောလိုက်၏။

လူအများအပြား၏ အော်ပြောသံများက နေရာတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။ သို့သော် ထိုစကားအတွက် အားလုံးသည် သရော်သံကို ပြတ်ပြတ်သားသား ကြားလိုက်ရ၏။

လှောင်ပြောင်သံတွင် မကျေနပ်မှုများနှင့် ရန်လိုစိတ်တို့ ပြည့်နှက်နေလေ၏။

“ငါ ထွက်လာတာနဲ့ မင်းတို့အားလုံး အသေပဲ”

သူတော်စင်သုံးဦးတောင်ထဲရှိ ဘိုးဘေးကြီးက ပြောလိုက်ပုံပင်။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now