အခန်း ၄၄

121 17 1
                                    

ထိုအချိန် ပိုင်လီတောင်အောက်တွင်…

ထိုနေရာသည် ပိုင်လီတောင်၏ အစွန်းတွင်ရှိပြီး စစ်မာကျောင်း၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် ဖုံးလွှမ်းနေသော နေရာလည်းဖြစ်သည်။ မည်သူကမျှ ထင်သလို ဝင်မလာရဲပေ။ အနည်းငယ် ထပ်သွားလိုက်လျှင် ပန်းပွင့်အပြာရောင် သစ်ပင်ကြီးရှိသည်။ ၎င်းသည် ပိုင်လီတောင်နယ်မြေနှင့် မဆိုင်တော့သလို စစ်မာကျောင်း၏ စိတ်ဝိညာဉ်အသိစိတ်နှင့် လွတ်ကင်းရာနေရာလည်း ဖြစ်သည်။

ယွမ်ကျန်းသည် မျက်နှာကြီး မည်းနေလျက် သစ်ပင်အောက်တွင် စောင့်နေလေသည်။ အရင်ကလိုသာဆိုလျှင် သူ့အနေဖြင့် ဤလူနှင့် တိုက်ရိုက်ဖြေရှင်းလိုက်မည်သာ။ အကယ်၍ ခွေးတစ်ကောင်က ရန်သူကို ပြန်မကိုက်နိုင်လျှင်ပင် သခင်ကို ပြန်လှည့်ကိုက်နိုင်၏။

ခြေသံများက ဝေးရာမှ နီးလာပြီး ဧည့်သည်သည် သူ့ကိုယ်သူ ကွယ်ဝှက်မနေပေ။ လူတစ်ယောက်သာ ရှိသည်။ ယွမ်ကျန်းသည် အမှောင်ထဲမှ ထွက်လာပြီး လျောင်ထင်ယန့်ကို ကြည့်လိုက်သည်။ သူ့လေသံက အတော်လေး ဆိုးရွားပြီး ထူးဆန်းနေသည်။

“နင် ငါ့ကို အကြာကြီး စောင့်ခိုင်းထားတာ။ ငါ နင့်ကို ထပ်ကာထပ်ကာ ဆက်သွယ်ခဲ့တယ်။ နင် ငါ့ကို လာတောင်မတွေ့ခဲ့ဘူး။ သတင်းလေးတောင် လာမပေးဘူး။ ပန်ကောင်းကျစ် ကြည့်ရတာ နင်က ငါနဲ့ ဆက်ဆံရေးဖြတ်ချင်တာလား”

လျောင်ထင်ယန့် - ….ဒါက ကောင်လေးနဲ့ ကောင်မလေးရဲ့ အချစ်က အမုန်းဖြစ် ပြောင်းသွားသလိုမျိုးပဲ…

အမျိုးသမီးက စိတ်ပြောင်းသွားပြီး ဖုန်းမကိုင်သလို မက်ဆေ့လည်းမပို့ကြောင်း သိလိုက်ရသည့် အမျိုးသားတစ်ယောက်လိုပင်။ နှစ်ယောက်တွေ့ကြချိန်တွင် အမျိုးသမီးအနေဖြင့် နောက်ကျသွားခဲ့ပြီ။ အမျိုးသားက ပြဿနာရှာတော့သည်။ တကယ့်လက်တွေ့ဆန်လွန်း၏။

သောက်ချီး ဒီလူက မူလပိုင်ရှင်ရဲ့ ကောင်လေးဟ….

ဖြစ်ပျက်နေသည့် ဒရမ်မာကို နောက်ကနေ လာကြည့်နေမည့် ဘိုးဘေးကြီးအကြောင်းကို လျောင်ထင်ယန့် စဉ်းစားမိပြီး ပြောလိုက်သည်။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now