အပိုင်း ၂၀

242 33 0
                                    

အချိန်တစ်ခုအထိ လျောင်ထင်ယန့်တစ်ယောက် လုပ်ဖော်ကိုင်ဖက်မြွေနက်ကြီးက သူ့ကိုအငှားဓားဖြင့် သတ်ဖို့ကြိုးစားနေသည်ဟု ထင်ခဲ့သည်။

သို့သော်လည်း ရက်အနည်းငယ်ရှာဖွေမှုအပြီး သူသည် ဤမြွေ၏ဉာဏ်ရည်နှင့် သူ၏အခန်းဖော်ပျိုးထောင်ထားသောခွေးတို့မှာ အတူတူပင်ဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။ သူ၏အိုင်ကျူနှင့် အလုပ်ခွင်တွင် ဤသို့သော လုပ်ရိုးလုပ်စဉ်ကို ဖြစ်မြောက်အောင်လုပ်ရန် ခက်ခဲပေသည်။ ထို့ကြောင့် သူသည် သူ၏ကားနက်ပြုမူပုံကို တမင်သက်သက်ခွင့်လွှတ်ပေးလိုက်ကာ သူလာရောက်တောင်းတိုင်း ဝါး‌ရေအချို့ကို ပေးဆဲပင်။

အလုပ်ခွင်၌ လုပ်ဖော်ကိုင်ဖက်များသည် ဝေစားမျှစားဖြစ်ကြောင်း လူတိုင်းသိကြသည်။

သုံးရက်အတွင်း လျောင်ထင်ယန့်သည် ဤအလုပ်သစ်နှင့် အသားကျသွားခဲ့သည်။ သူ၏လုပ်ဖော်ကိုင်ဖက်မှာ သူနှင့်အတူ ရှိရန် လွယ်ကူသော်လည်း အလုပ်ရှင်ကမူ ရံဖန်ရံခါပင် ပေါ်လာခြင်းမရှိပေ။ ကျိန်ဆဲရ၊ အော့အန်ရသော အလုပ်ဖြစ်သော်လည်း ကိုင်တွယ်ရလွယ်သည်။ ယေဘုယျပြောရမည်ဆိုလျှင် သူသည် စိတ်ကျေနပ်မှုမရှိလှ။ သူစိတ်မကျေနပ်သည့် အကြောင်းမှာ အလုပ်သွားသည့်လမ်းခရီးမှာ အလွန်ခက်ခဲကြမ်းတမ်းပြီး သူလှေကားအထပ်နှစ်ဆယ်တက်ရသည်မှာ သေတော့မည့်အတိုင်းပင်။

သုံးရက်ကြာပြီးနောက် လျောင်ထင်ယန့်သည် လှေကားများကို မတက်နိုင်တော့သောကြောင့် ဖြေရှင်းနည်းတစ်ခုစဥ်းစားခဲ့သည်။ သူသည် နှစ်ဆယ့်နှစ်ထပ်ဆီ သူ၏အိပ်ရာလိပ်ကို ပြောင်းလာခဲ့ပြီး နေ့တိုင်း တက်လိုက်ဆင်းလိုက်မလုပ်ရစေရန် ဗဟိုမျှော်စင်၌ ရိုးရိုးသားသားနေထိုင်ခဲ့သည်။

သူသည် ဘိုးဘေးကို အနည်းငယ်ကြောက်ရွံ့သော်လည်း ပင်ပန်းသောကြောင့်သာ။

နှစ်ဆယ့်နှစ်ထပ်ဆီလာနေသော ပထမဦးဆုံးနေ့တွင် သူသည် သူ၏ဆရာသခင် ဒေါသထွက်မည်ကို စိုးရိမ်ခဲ့ပြီး သူ့ကိုယ်သူ နံရံတစ်ခုအသွင်နေခဲ့သော်လည်း တစ်ဖက်လူမှာ သူ့ကို ဂရုမစိုက်မိခဲ့ပေ။

ထိုညကား လဆန်းညဖြစ်သည်။ လျောင်ထင်ယန့်သည် အိပ်ရာပေါ်တွင် လှဲနေရင်း အပြင်ဖက်မှ ညလဆန်းသစ်စအား ကြည့်နေသည်။ ဖုံးကွယ်လုနီးပါးဖြစ်နေသော လမင်းသည် တိမ်များကြားတွင် ဝိုးတိုးဝိုးတားနှင့် မပြတ်မသား။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Kde žijí příběhy. Začni objevovat