အခန်း ၂၂

243 31 0
                                    

လျောင်ထင်ယန့်သည် ဘိုးဘေး၏ပါးစပ်တွင်နှေးကွေးစွာစီးကျလျက်ရှိသော သွေးများကို မကုန်ခန်းနိုင်သောအမူအရာဖြင့်ကြည့်လိုက်သည်။

သူဒဏ်ရာရထားတာလား...

စစ်မာကျောင်းသည် သူ၏လက်ကိုမြှောက်ကာ သူ့ပါးစပ်မှသွေးများကို လက်မဖြင့်သုတ်လိုက်ပြီးနောက် ဝတ်ရုံဖြူအမျိူးသမီးကို ဂရုမစိုက်သောအပြုံးဖြင့်ကြည့်လိုက်၏။

"အရင်ကဆို ငါက ကန်းချန်ရှန်းဖူနန်းတော်ပိုင်ရှင်နဲ့ အကြီးအကဲတွေကို သတ်လုနီးပါးထိနော်။ မင်းက ငါ့ကိုသတ်ဖို့ တစ်ယောက်တည်းလာရဲတယ်ဆိုတော့ သိပ်ကို ယုံကြည်ချက်ပြင်းထန်လွန်းနေတာပဲ"

သူ၏စကားလုံးများအရ သူသည် ပထမကအားနွဲ့သောမိန်းကလေးအနည်းငယ်ကိုပင် ထည့်မတွက်ကြောင်း သိသာပေသည်။ မိန်းကလေးအဖွဲ့နှစ်ခုလုံးမှာ ကွဲပြားသော နောက်ခံများမှဖြစ်ကြ၏။

ဝတ်ရုံဖြူအမျိုးသမီးသည် မလိုလားဟန်ဖြင့် ရပ်လိုက်၏။ သူသည် သူ၏ဝတ်ရုံလက်မှ ကျောက်စိမ်းဘူးတစ်ဘူးကိုထုတ်ကာ ဆေးတစ်လုံးထုတ်ယူ၍မြိုချလိုက်သည်။ အမြင်အားဖြင့် လူတစ်ကိုယ်လုံးကို ကုသပေးသွားသည့်နှယ်။ သူသည် အရင်ကထက် ပိုမိုအန္တရာယ်ရှိလာပုံပေါ်သည်။ သူသည် အဖြူရောင်တောက်ပမှုအပြည့်ဖြစ်နေသော ဓားရှည်နောက်တစ်ချောင်းကို ထုတ်လိုက်သည်။

"ဒါက ကျွန်မဆရာရဲ့ဓား။ ငါတို့ လနန်းတော်ရဲ့အမွေဆက်ခံထားတဲ့ လပန်း။ ဒီနေ့ ကျွန်မ ရှင့်ကိုသတ်မယ်"

သူ၏ အလွန်မုန်းတီးနေသောအသွင်အပြင်မှာ မျက်လုံးများထဲတွင် ရွေ့လျားလျက်ရှိနေပြီး ပြန်တိုက်ခိုက်ကာ ဆွဲထုတ်မည့်ဟန်ပင်။ သူရဲကောင်းမယ်သည် နက်ရှိုင်းစွာပြောလိုက်သည်။

"စစ်မာ ဒီယိုယွင်းနေတဲ့ဖုန်းရှန်းဂိုဏ်းက ဟိုးအရင်ကတည်းက ဖျက်သိမ်းခံရသင့်နေပြီ"

အပြင်ဘက်မှ အလွန်ကြီးမားသော သံကြိုးရိုက်ခတ်လာပြီး ကျောက်စိမ်းပြားများပေါ်မှစာလုံးများမှာ ညင်သာစွာတုန်ခါလာခဲ့ကာ ဗဟိုမျှော်စင်တစ်ခုလုံးမှာ တဖြည်းဖြည်း လှုပ်ယမ်းလာခဲ့သည်။ အမျိုးသမီး၏တိုက်ခိုက်မှုမှာ အရင်ကထက် အတော်ပင် ပိုပါးနပ်လာခဲ့ပြီး ထင်ရာစိုင်းသောပုံစံအဖြစ်သို့ လုံးလုံးရောက်ရှိသွားသည်။ ထိုရူးသွပ်လှသော ကိုယ်နေဟန်သည် လူများကို အတူတူတွေးမိစေသည်။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now