အခန်း ၁၈

249 32 0
                                    

လျောင်ထင်ယန့်သည် မှော်စွမ်းအင်ရှိဟန်တူသည့် အမှန်တကယ်လှပသော အနီရောင်မီးတောက်၏ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။

သူသည် ရင်သပ်ရှုမောကာ ကြည့်ခဲ့သည်။ သူ၏လည်ပင်းနောက်တွင် အေးစက်မှုတစ်ခုရောက်လာခဲ့ပြီး သူ၏တစ်ကိုယ်လုံးမှာ နိုးကြားသွားခဲ့သည်။

သေသူသဖွယ် အေးစက်နေသော စစ်မာကျောင်း၏လက်မှာ သူ၏လည်ပင်းပေါ်၌ရှိနေလျက်သား။ စစ်မာကျောင်းသည် သူ၏ လည်ပင်းကိုဖိကာ ကော်လံမှဆွဲ၍ ရှေ့သို့ အနည်းငယ်တွန်းလိုက်သည်။ လျောင်ထင်ယန်သည် အနီရောင်မီးတောက်ဆီသို့ တွန်းထုတ်ခံလိုက်ရခြင်းပင်။

ဤအလွှာ၏အလယ်၌ အနီရောင်ကြာပန်းတစ်ပွင့်သာ ပေါက်နေသော အပြာရောင်ရေကန်ငယ်လေးရှိပြီး ကြာပန်းနီ၏အထက် ပါးလွှာသောလေထုအလွှာတွင် မီးများတောက်လောင်နေခဲ့သည်။ လျောင်ထင်ယန့်၏ ကျင့်ကြံရေးလောကဆိုင်ရာ အပေါ်ယံဗဟုသုတအရ ဤပစ္စည်းသည် အလွန်အဖိုးထိုက်တန်ရမည်ဟုသာ သူတပ်အပ်ပြောနိုင်၏။ သို့သော် စစ်မာကျောင်းသည် သိပ်လေးလေးနက်နက်မထားလှ။ သူသည် လျောင်ထင်ယန့်အား ကြာပန်းနီမီးတောက်ဆီဦးဆောင်ခေါ်သွားခဲ့ကာ ဗြုန်းစားကြီး ကြာပန်နီ၏ပွင့်ဖတ်များအား ခြွေချလိုက်သည်။

လျောင်ထင်ယန့်သည် ငိုသံတစ်သံကို ကြားလိုက်ရသော်လည်း လုံးထွေးနေကာ ချက်ချင်း ပိတ်သွားသည်။

ကလေးတစ်ယောက်၏ငိုသံပါပေ။

မီးတောက်က လုပ်လိုက်တာလား...

သူသည် အရှိမဟုတ်သည်ကိုကြားမိလေသလားဟုပင် သံသယဝင်မိလိုက်သည်။

"ဒါဘာလဲဆိုတာ မင်းသိလား"

စစ်မာကျောင်းသည် သာမန်ကာလျှံကာပင် ပွင့်ဖတ်ကိုချေပစ်ကာ မြေပြင်ပေါ်သို့ လွှတ်ပစ်လိုက်သည်။ လျောင်ထင်ယန့်သည် ဝိုးဝါးသော ရှိုက်ငိုသံတစ်သံအား ထပ်၍ကြားလိုက်ရပြန်သည်။

လျောင်ထင်ယန့်က မေးလိုက်၏။

"အာ ပန်းတစ်ပွင့်လား"

စစ်မာကျောင်းသည် သူ့အား ထူးဆန်းစွာကြည့်လိုက်သည်။

"မင်းက ဘာမှမသိဘူးပဲ ဘာကြောင့်များ သူတို့က မင်းကို ဒီလိုမျိုးနေရာထဲဝင်ခွင့်ပေးလိုက်တာပါလိမ့်"

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now