အခန်း ၃

349 43 0
                                    

"ချွိသုန်း အမတတောင် ၃၆ လုံး၊ ၈၈၈၈ မိုင်အထိ ကျယ်တယ်။ အဲဒါတွေအားလုံးက ကန်းချန်းရှန်းဖူရဲ့ နယ်နိမိတ်အတွင်းမှာပဲ ရှိတာ"

လျောင်ထင်ယန့် တွေးနေသည့် အကြောင်းအရာကို သတိထားမိသည့်အလား ဆရာသုန်းယန်းက ပြောလိုက်သည်။

"ဆရာတို့ဂိုဏ်းက အရမ်းကိုကြီးတယ်။ ကျင့်ကြံစဉ်နိမ့်တဲ့ တပည့်အများစုက သူတို့တစ်ဘဝလုံး ဟောဒီ ပေါင်းစည်းထားတဲ့ မြို့တော်တွေမှာ နေကြတယ်။ သေမျိုးတိုင်းပြည်က ပြည်သူတွေလိုမျိုးပေါ့"

လျောင်ထင်ယန့် - မေမေရေ သမီးတော့ ဗဟုသုတတွေ အများကြီးရနေပြီ...

အဝေးမှနေ၍ လျောင်ထင်ယန့်တစ်ယောက် ရင်ပြင်ကျယ်ကြီးကို မြင်လိုက်ရသည်။ ကျောက်စိမ်းတိုင်လုံး ဒါဇင်ချီက ဘေးနှစ်ဖက်လုံးတွင် ရှိနေလေသည်။ ထိုးထွက်နေသော နန်းတော်ကြီးသည် အလယ်ဗဟိုရှိ ဇာမဏီငှက်အလားပင်။ ထိုနေရာတွင် မတ်တပ်ရပ်နေသည့် တပည့်ပေါင်းများစွာ ရှိနေပြီဖြစ်သည်။ ဝင်လာနေသည့် လူတန်းကြီးလည်း ရှိသေးသည်။ မြင်ကွင်းသည် ရင်သပ်ရှုမောဖွယ်ဖြစ်ပြီး လျောင်ထင်ယန့်တစ်ယောက် အပြစ်ရှိသလို ခံစားလိုက်ရ၏။

သုန်းယန်းသည် သားသမီးဖြစ်သူကို စာမေးပွဲခန်းသို့ လိုက်ပို့သည့် မိဘနှင့်တူနေလေသည်။ လျောင်ထင်ယန့်ကို ပို့ပြီးနောက် သူ့အနေဖြင့် မေတ္တာပြည့်ဝသော အကြည့်များဖြင့် အားပေးရုံသာ တတ်နိုင်သည်။ ထို့နောက် လူသစ် လျောင်ထင်ယန့်ကို အခြား အလှပဂေးများနှင့်အတူ အခန်းထဲတွင် စောင့်နေစေရန် ထားခဲ့လိုက်တော့၏။

လျောင်ထင်ယန့် မော့ကြည့်လိုက်ချိန်တွင် သူ့အနေဖြင့် အလှမယ်ပြိုင်ပွဲကို ရောက်လာသလို ခံစားလိုက်ရသည်။ အကယ်၍ အလှမယ်ပြိုင်ပွဲသာဖြစ်လျှင် ခက်ခဲသော ယှဉ်ပြိုင်မှုဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော အားလုံးက နတ်သမီးနှယ် လှနေကြသောကြောင့်ပင်။ အနိုင်ရရှိသူကို ရွေးချယ်ရန် အလွန်ခက်ပေလိမ့်မည်။ အချိန်အကြာကြီး လှည့်ပတ်ကြည့်ရှုလိုက်လျှင် အလှအပကြောင့် ပင်ပန်းနွမ်းနယ်မှုကို ခံစားရလောက်၏။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now