အခန်း ၃၃

252 28 0
                                    

လျောင်ထင်ယန့်တစ်ယောက် ယခင်က ဤမျှအရသာရှိသော အစားအသောက်ကို မစားဖူးပေ။ သူ့တွင် စားစရာမရှိသည်မှာ သနားဖို့ကောင်းသည်။ မြွေနက်ကြီးသည် လျှောလာခဲ့ပြီး သူ့ခေါင်းဖြင့် လျောင်ထင်ယန့်လက်ကို တို့ထိလိုက်သည်။

သူတို့သုံးဦးသည် အသက်ရှင်သန်ရန်အတွက် တစ်ဦးကိုတစ်ဦး မှီခိုနေရကြောင်း လျောင်ထင်ယန့် သတိရသွားသည်။ သူသည် ပန်းကန်ပြားအကြီးတစ်ခုနှင့် အိုးများကို ယူလိုက်ပြီး မြွေနက်ကြီးကို တစ်ခုပြီးတစ်ခု ပေးလိုက်ကာ ရွေးချယ်ခိုင်းလိုက်သည်။ သောက်စရာများသည် သူ သောက်ခဲ့သည့် ဝါးရည်ထက် ပိုကောင်းသည်။ ဘော့စ်က သူ့အလုပ်သမားနှစ်ယောက်ကို မုန့်လိုက်ကျွေးသည်မှာ ရှားသည်။ ထို့ကြောင့် သူတို့နှစ်ဦးအနေဖြင့် ကောင်းကောင်းစားရပေမည်။

မြွေနက်ကြီးသည် တစ်ခုရွေးလိုက်ပြီး လျောင်ထင်ယန့်က ၎င်းကို အိုးကြီးကြီးတစ်လုံးထဲသို့ လောင်းထည့်ပေးလိုက်သည်။

သူ ထိုသို့လုပ်ဆောင်နေချိန်တွင် စစ်မာကျောင်းက ခေါင်းလှည့်လာခဲ့ပြီး သူ့ကို ကြည့်လိုက်သည်။ ဘိုးဘေးကြီး၏ မျက်လုံးများက ဘာကိုဆိုလိုမှန်း လျောင်ထင်ယန့်မသိသလို သူ့တွင် စိတ်ဖတ်တတ်သော အရည်အချင်းလည်း မရှိပေ။ ထို့ကြောင့် သူ့အနေဖြင့် မမြင်သလိုသာ ဟန်ဆောင်လိုက်ပြီး စားစရာရှိတာကိုသာ ဆက်စားလိုက်သည်။ လျောင်ထင်ယန့်သည် ဤစားပွဲသောက်ပွဲကို ဘူဖေးအဖြစ် သဘောထားလိုက်ပြီး အရမ်းပျော်နေလျက်ရှိသည်။ မြွေနက်ကြီးသည်လည်း သိသိသာသာ ပျော်ရွှင်နေလေသည်။ ၎င်းသည် သူ့အမြီးကို မကြာခဏ ယမ်းခါနေသောကြောင့် ဘိုးဘေးကြီးကို စိတ်အနှောင့်အယှက် ဖြစ်သွားစေတော့သည်။ စစ်မာကျောင်း၏ အသီးတစ်လုံးက မြွေနက်ကြီး၏ အမြီးကို ထိမှန်သွားပြီး မြွေနက်သည် ၎င်းအမြီးကို ရပ်လိုက်သည်။

လျောင်ထင်ယန့်တစ်ယောက် စိတ်ထဲကနေ ပြောလိုက်သည်မှာ သူ့အနေဖြင့် ကိုယ့်ဟာကိုယ် စားသောက်နေနိုင်သည်မှာ ကံကောင်းသည်ဟူ၍ပင်။ ထိုသို့မှမဟုတ်လျှင် သူသာ ဆူညံပူညံလုပ်နေပါက ဘိုးဘေးကြီးက သူ့ကို သတ်နေလောက်ပြီဖြစ်၏။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now