အခန်း ၂၁

280 35 0
                                    

ကျွန်မကိုသာ သတ်လိုက်ပါတော့…

စစ်မာကျောင်းသည် သူ့ကို သတ်ဖို့ လက်မြှောက်မလာခဲ့။ ဘာမှားသွားမှန်း လျောင်ထင်ယန့်မသိပါ။ စစ်မာကျောင်းသည် သူ့ဘေးတွင် ထိုင်ရင်းသာ ရယ်နေခဲ့၏။

ထိုညတွင် ဘော့စ်သည် အတော်လေး စကားပြောခဲ့သည်။ လျောင်ထင်ယန့်ကမူ ကြောက်နေခဲ့သည်။ သူ့ခမျာ တိတ်တဆိတ် ကြည့်ရှုလေ့လာရန်အတွက် စောင်အောက်တွင် ကျုံ့ကျုံ့လေးနေနေခဲ့ပြီး ကတုန်ကယင် မေးလိုက်ခဲ့၏။

“ရှစ်ကျူ…ဘာဖြစ်လို့လဲ”

စစ်မာကျောင်းက ပြောလိုက်သည်။

“ဒီနေ့ ငါ အရမ်း ကောင်းနေတယ်လို့ မင်းထင်လို့လား။ ငါ ဘာလို့အရမ်းကောင်းနေလဲ မင်း စဉ်းစားကြည့်လေ”

လျောင်ထင်ယန့်သည် အမှန်တရားမန္တန်မရှိတော့ကြောင်း သိလိုက်ရသည်။ သူသည် တစ်ခဏမျှ သေသေချာချာ စဉ်းစားလိုက်ပြီး မဝံ့မရဲမေးလိုက်သည်။

“ဘာလို့လဲဆိုတော့ ကျွန်မ သေရတော့မှာမလို့လား”

ထိုသို့မှမဟုတ်လျှင် စစ်မာကျောင်း တွေးထားသည်ကို သူ မလုပ်ခဲ့ခြင်းကြောင့်သာ။

စစ်မာကျောင်းက ထူးဆန်းစွာ ပြုံးလိုက်၏။

“မင်း ခန့်မှန်းနိုင်သားပဲ။ တော်တယ်”

လျောင်ထင်ယန့် - “.....”

စစ်မာကျောင်းသည် လက်မြှောက်လိုက်ပြီး လေထဲတွင် ယမ်းလိုက်သည်။ တဝီဝီမြည်နေသော လေထဲတွင် ဗလာနယ်ထဲ၌ ဗလုံးဗထွေးအော်သံ ရှိနေသည်။ လူတစ်ယောက်အသံမဟုတ်ဘဲ မြောက်မြားစွာသော အသံများဖြစ်၏။

လျောင်ထင်ယန့်တစ်ယောက် ကြော့မော့ဟန်ရှိသော ပုဂ္ဂိုလ်များစွာက ရုတ်တရက် ထွက်ပေါ်လာပြီး ခန်းမ၏ အခြားတစ်ဖက်တွင် ဆင်းသက်လာကြောင်း မြင်လိုက်ရသည်။ သူတို့မျက်နှာအထက် ထင်မြင်ချက်အနည်းငယ်ရှိနေသည်။ သူတို့သည် မိန်းကလေး အယောက် ၁၀၀ အဖွဲ့မှ လူများသာ။

ဒီအစ်မတွေက ဘာလို့ အရမ်းမာကျောနေရတာလဲ…

လျောင်ထင်ယန့်တစ်ယောက် ဘိုးဘေး၏ အရိပ်ထဲတွင် တုန်ယင်နေစဉ် ထိုလူများက အခြေအနေကို လက်ခံရန် ငြင်းဆန်နေခဲ့ကြ၏။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now