အခန်း ၂၄

266 31 0
                                    

သူတော်စဥ်သုံးဦးတောင်ပေါ်ရှိ ဝိညာဥ်စွမ်းအားမှာ သိပ်သည်းမနေ၊ ထိုနေရာ၌ အချိန်အကြာကြီးတည်တံ့နေသည်မှာ ကျင့်ကြံသူများအတွက် သိသာသော ရေတိမ်တိမ်ဗွက်အိုင်ထဲတွင် ငါးကြီးတစ်ကောင်ပိတ်မိနေသကဲ့သို့ လွန်စွာစိတ်ဓာတ်ကျဆင်းနေကာ နာကျင်စရာဖြစ်သည်။ စစ်မာကျောင်းသည် ထိုနေရာ၌ နှစ်ပေါင်း ၅၀၀နေထိုင်ခဲ့ပြီးလေပြီ။ ယခုအချိန်၌ သူသည် နောက်ဆုံးတွင် လှောင်အိမ်မှ လုံးလုံးလျားလျားလွတ်မြောက်ခဲ့လေပြီ။

သံကြိုးများ ကျိုးပဲ့ခြင်းနှင့် ကျောက်စိမ်းပြားများ တစ်စစီကြေမွသွားခြင်းနှင့်အတူ တစ်ဟုန်ထိုးမြင့်တက်လာသော ဝိညာဥ်စွမ်းအားများသည် ရှုပ်ပွနေသော အပျက်အစီးများအောက်မှ ရုတ်တရက်ပန်းထွက်လာကြပြီး သိပ်သည်း၍ ကြီးမားထူထဲသောဝိညာဥ်အငွေ့အသက်မှာ သူတော်စဥ်သုံးဦးတောင်အား တိမ်ပင်လယ်တစ်ခု စုရုံးထားသဖွယ် လွှမ်းခြုံသွားခဲ့သည်။ ဤသို့ပေါများလှသော အငွေ့အသက်များနှင့်အတူ လျောင်ထင်ယန့်လို ကျင့်ကြံရေးကို ဘာမှန်းမသိသောလူသစ်လေးပင် သတိမထားမိဘဲ တဖွဲဖွဲဝင်လာသောအငွေ့အသက်အား သူ့ကိုယ်အတွင်းသို့ စတင်စုပ်ယူမိပြီး အရင်တစ်ခေါက်ထက်ပို၍ သက်တောင့်သက်သာဖြစ်လာသလို ခံစားခဲ့ရသည်။

နန်းတော်ထဲတွင် အသက်ရှင်ကျန်ရစ်ဆဲဖြစ်သူများမှာ ဤဝိညာဥ်စွမ်းအားကြောင့် ထိတ်လန့်သွားကြ၏။

သူတော်စဥ်သုံးဦးတောင်မှာ မူလအစကပင် ဝိညာဥ်တောင်တစ်ခုဖြစ်ပြီး အငွေ့အသက်များမှာ အသိပ်သည်းဆုံးနဲ့ အသန့်စင်ဆုံးဖြစ်ကြသည်။ စစ်မာကျောင်း အကျဥ်းချခံထားရစဥ် အချို့လူများမှာ ဤနေရာမှ ဝိညာဥ်အငွေ့အသက်များကို ခွဲခြားရန် အကောင်းဆုံးကြိုးစားခဲ့ကြသည်။ ထိုအငွေ့အသက်များမှာ မြေအောက်မှနေ၍ ကန်းချန်ရှန်းဖူရှိ အချို့နေရာများသို့ လွှဲပြောင်းခံခဲ့ရသည်။ ယခု စစ်မာကျောင်းလွတ်သွားသောကြောင့် လူဘယ်လောက်များများ၏ ကန်းချန်ရှန်းဖူအပေါ်စိတ်ဝင်စားမှုများမှာ ပျက်စီးသွားလိမ့်မည်နည်း။

သို့သော် ထိုအရာကား အစိုးရိမ်ရဆုံးသောအရာတစ်ခုတော့မဟုတ်‌ပေ။ အစိုးရိမ်ရဆုံးအရာကား စစ်မာကျောင်း လုံးဝလွတ်မြောက်သွားခြင်းပေ။ သူအရင်က ပြောခဲ့သည့်အတိုင်း သူသည် သူတို့အား သေချာပေါက် အလွတ်ပေးမည်မဟုတ်။ လူအများအပြားသည် သူတို့၏စိတ်ထဲတွင် စစ်မာကျောင်းသည် နှစ် ၅၀၀ကြာ ထိုနေရာ၌နေခဲ့ပြီးဖြစ်ပြီး သူသည် ရူးနှမ်းနေပြီဟု တွေးခဲ့ကြသည်မှာ ပြက်ရယ်ပြုစရာပင်။ သူထွက်လာသောအခါ သူသည် အားနည်းကောင်းအားနည်းနေလိမ့်မည်။ သူတို့အားလုံး အတူတကွစုကြလျှင် သူ ဖိနှိပ်မခံရမှာကို သူတို့ မကြောက်လှ။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now