အခန်း ၃၄

190 22 1
                                    

ကွင်းပြင်အထက်ရှိ အထူးတပည့်ထောင်ချီကားတွင် အားလုံးသည် ကန်းချန်းရှန်းဖူ၏ မိသားစုကြီးမှ သားသမီးများ ဖြစ်ကြသည်။ သူတို့သည် ဘဝစတင်ချိန်ကတည်းက သာမန်လူများထက် ပိုကောင်းသော သဘောထားများ အရင်းအမြစ်များ ရှိခဲ့ကြသည်။ ပြင်ပပုဂ္ဂိုလ်များက ကျောင်းငယ်လေး၏ ထိပ်နေရာကို တက်နိုင်မည်မဟုတ်။ သူတို့သည် လက်တစ်ချက်ယမ်းလိုက်ရုံဖြင့် မရေတွက်နိုင်သော အသက်များကို ဖြတ်တောက်ပစ်နိုင်သည်။ သို့သော် တောက်ဓမ္မအရှင်စစ်ကျန်ရှေ့တွင် သူတို့သည် ပုရွက်ဆိတ်များသာ။ သူတို့၏ ဖြစ်တည်မှုများက ပြောင်းလဲခံလိုက်ရသည့်နှယ်။

စစ်မာကျောင်းသည် ကျောက်စိမ်းလှေကားများပေါ်တွင်သာ ထိုင်လျက်ရှိသည်။ အနည်းငယ် စိတ်မကြည်မလင်ဖြစ်နေသော လူငယ်နှင့်ပင် တူသေးသည်။ သို့သော် မရေတွက်နိုင်သော သွေးကြွေးသင်ခန်းစာများ ရပြီးနောက် မည်သူကမျှ သူ့ကို အလေးမထားဘဲမနေရဲပေ။ သူတို့သည် သာမန်တပည့်များထက် လျှို့ဝှက်ချက်များ ပိုသိကြသောကြောင့် စစ်မာကျောင်းကို ပို၍ပင် ကြောက်ရွံ့ကြ၏။

စင်မြင့်အထက်တွင် အရှိန်ထိန်းပြီး တိုက်ခိုက်လျက်ရှိသော တပည့်နှစ်ယောက်သည် စစ်မာကျောင်း၏ စကားလုံးများကို ကြားသွားပြီး စဉ်းစားကြည့်လိုက်ကြသည်။ တောက်ဓမ္မအရှင်စစ်ကျန်သည် လူများကို ထင်သလို သတ်တတ်သည်။ သူသည် နန်းတော်များနှင့် ၎င်းတို့၏ အာဏာများကို ထည့်မတွက်ပေ။ အကယ်၍ သူက သူတို့ကို သတ်ချင်သည်ဟုပြောလျှင် တကယ်သတ်မည်သာ။

တပည့်တစ်ယောက်၏ မျက်လုံးက ပြောင်းသွားသည်။ သူသည် ဆန့်ကျင်ဘက်ရှိ တပည့်ကို ကြည့်လိုက်ပြီး လူသတ်ဟန်ပါသော အကွက်ကို လှုပ်ရှားလိုက်သည်။ မိသားစုမှ အကြီးကဲများ လာကြလျှင်ပင် သူတို့ သတ်နေကြသည်ကို တားနိုင်မည်မဟုတ်ပေ။ သူ့မိသားစုထဲက အကြီးကဲတစ်ဦးသည် ယခင်က သူတော်စင်သုံးဦးတောင်ပေါ်တွင် အသတ်ခံခဲ့ရသည်။

တောက်ဓမ္မအရှင်စစ်ကျန်က အဲဒီမှာ ရပ်နိုင်နေတုန်းပဲမလား...

သူ့လှည့်ကွက်၏ အပြောင်းအလဲကို တစ်ဖက်တပည့်ကလည်း သတိထားမိသွားသည်။ နှစ်ဦးနှစ်ဖက်လုံး ထိန်းရမည့်မျက်နှာများ ရှိသော်ငြား သူတို့အသက်လောက် အရေးမကြီးပေ။ ရုတ်တရက်ဆိုသလို နှစ်ယောက်လုံးသည် အလေးအနက် တိုက်ခိုက်လာကြပြီး မကြာခဏဆိုသလို လူသတ်ဟန်ပါသော အကွက်များကို ထုတ်သုံးလျက်ရှိကြသည်။ နှစ်ယောက်လုံးတွင် ကျင့်ကြံရေးစွမ်းရည် ကောင်းကောင်းရှိပြီး ကောင်းကောင်းလေ့ကျင့်ထားကြသူများပင်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြသည်။ တိုက်ခိုက်ပုံသည် အလွန်အံ့ဩစရာကောင်းလွန်းသဖြင့် နံဘေးမှ ပွဲကြည့်တပည့်များအနေဖြင့် သေချာမကြည့်ဘဲ မနေနိုင်ကြတော့။ သို့သော် ဤတိုက်ပွဲကို အစပျိုးသူ စစ်မာကျောင်းကမူ မပြောင်းလဲသော အမူအရာဖြင့်သာ ထိုင်လိုက်သည်။ သူသည် လူအုပ်အတွင်းမှ နောက်တစ်ဦးကို ရွေးထုတ်လိုက်၏။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now