အခန်း ၄၃

134 21 0
                                    

စစ်မာကျောင်းသည် လမ်းလျှောက်သွားရင်း လက်ချောင်းများကို ဝေ့ယမ်းလိုက်သည်။ အေးစက်စက် လေပြင်းတို့က ရေကန်ထဲသို့ ဝင်ရောက်လာခဲ့ပြီး သူသည် ထိုထဲတွင် စိမ်တော့မည့်ဟန်ပြင်နေလေသည်။ လျောင်ထင်ယန့်သည် စစ်မာကျောင်း၏ လက်ကို ကြည့်နေလိုက်ပြီး တိတ်တဆိတ် လိုက်လုပ်ကြည့်သည်။ ဝိညာဉ်စွမ်းအင်တို့က စစ်မာကျောင်း၏ ဒဏ်ရာတစ်ဝိုက်တွင် ဝေ့ပတ်သွားကြ၏။

စစ်မာကျောင်းတစ်ယောက် ရပ်သွားပြီး လက်မြှောက်လိုက်ကာ ကြည့်လိုက်သည်။ လျောင်ထင်ယန့်သည် ပိုင်ယီချောင်ဟုခေါ်သော အရွက်တစ်မျိုးကို အသုံးပြုပြီး သူ့ဒဏ်ရာများကို အရင်အုပ်ပေးထားသည်။ ယခုတွင် ထိုအရွက်များကို ဝိညာဉ်စွမ်းအင်ဖြင့် ဖုံးအုပ်ပေးနေပြန်သည်။ သို့မှသာ ဒဏ်ရာများက ရေစိုမည်မဟုတ်ပေ။ စစ်မာကျောင်းသည် များများစားစား မတုံ့ပြန်နေဘဲ ရေထဲတွင်သာ စိမ်လိုက်၏။

လျောင်ထင်ယန့်တစ်ယောက် ခဏစောင့်နေလိုက်သည်။ စစ်မာကျောင်းထံမှ ဘာတုံ့ပြန်မှုမှမရှိကြောင်း တွေ့လိုက်ရသောအခါ ထသွားပြီး နန်းတော်ထဲမှ ထွက်လာခဲ့လိုက်၏။

အရမ်းလွတ်လပ်သွားပြီ…

သူသည် လက်ရန်းဘေးတွင် စိတ်လှုပ်ရှားစွာ ရပ်နေလိုက်ပြီး အမြင့်ကို ငုံ့ကြည့်လိုက်သည်။ သူ့အနေဖြင့် စမ်းသပ်ကြည့်ရန် အလွန်တက်ကြွနေလေ၏။

ဘာလို့စမ်းမပျံကြည့်ရမှာလဲ…နေဦး နေဦး အရမ်းမြင့်လွန်းတယ်…

ထို့ကြောင့် သူသည် ပိုနိမ့်သော အမြင့်ဆီမှ စမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။

သူသည် စမ်းပျံကြည့်ရန်အတွက် ဘေးလှေကားများဆီသို့ သွားလိုက်သည်။ သူ ထင်ထားတာထက်ပင် ပိုလွယ်နေသေး၏။ ခန္ဓာကိုယ်သည် ယခင်ကထက် ပိုပေါ့ပါးပြီး ပျံသန်းရမှာကိုလည်း မကြောက်ရွံ့တော့ပေ။ သာမန်လူတစ်ယောက်အနေဖြင့် သူ အရမ်းပျော်မိသည်။

အရှေ့သို့ အသာလေးခုန်လိုက်ပြီး လေထဲတွင် လွင့်မြောနေလိုက်ကာ ပိုင်လီတောင်ပေါ်ရှိ နန်းတော်ကို လှည့်ကြည့်လိုက်သည်။ တောင်ပေါ်တွင် ဆောက်ထားသည့် ခမ်းနားသော နန်းတော်ကြီးသည် မရေတွက်နိုင်သော ဖန်မီးအိမ်များဖြင့် လင်းထိန်နေလျက်ရှိပြီး သစ်ပင်ပန်းမန်များက ယိမ်းထိုးနေလျက်ရှိကာ နေဝင်ဆည်းဆာအချိန်က အံ့ဖွယ်မြင်ကွင်းတစ်ခုလိုပင်။ အိပ်မက်နယ်မြေနှင့် တူလှ၏။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now