အခန်း ၄၅

188 26 1
                                    

လျောင်ထင်ယန့်တစ်ယောက် သူ၏ စွမ်းရည်များနှင့် အသားတကျမရှိသေးသော်လည်း အတွေ့အကြုံက အလွန်မြင့်မားသည်။ လျောင်ထင်ယန့်သည်လည်း သူ့အဆင့်က ပြိုင်ဘက်ထက် ပိုမြင့်ကြောင်း သဘောပေါက်သွားခဲ့သည်။ ထို့ကြောင့် သူသည် မကြောက်တော့ဘဲ တစ်ဖက်လူကို အနိုင်ပိုင်းချင်ခဲ့သည်။

“စစ်မာကျောင်းပဲပေါ့။ သူက မင်းအတွက် တကယ်ကြီး ဒီလိုလုပ်ပေးခဲ့တာပဲ”

ယွမ်ကျန်း၏ မျက်လုံးများက သွေးလိုနီနေသည်။ သူ့အနေဖြင့် ပေါက်ကွဲထွက်သွားတော့မည့်အလား။

ယွမ်ကျန်းတစ်ယောက် အလွန်ဒေါသထွက်နေရသည့် အကြောင်းအရင်းရှိသည်။ ယခင်က သူသည် ဂုဏ်ယူဝံ့ကြွားသူ ဖြစ်ခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့် မတော်တဆမှုကြောင့် သူ့ကျင်ကြံရေးအဆင့်က ဆုတ်ယုတ်သွားပြီး ဝိညာဉ်ဖြစ်တည်ရေးအဆင့်မှ ဝိညာဉ်ဖွံ့ဖြိုးမှုအဆင့်သို့ ပြန်ကျသွားခဲ့သည်။ နှစ်ပေါင်းများစွာကြာအောင် သူ့အနေဖြင့် မရေတွက်နိုင်သော အကောင်းဆုံးရတနာများကို စားသုံးခဲ့သည်။ ကျင့်ကြံရေးအဆင့် အားလုံးပေါင်းလိုက်လျှင်ပင် ယခုဘဝတွင် နောက်ထပ်မျှော်လင့်ချက် မရှိတော့ပေ။ ထို့ကြောင့် သူသည် စိတ်တိုသွားပြီး မနာလိုစိတ်များ ဝင်လာခဲ့သည်။ သူ၏ အိမ်မွေးခွေး လျောင်ထင်ယန့်က သူ့ကိုပြန်ကိုက်ဖို့ရွယ်နေပြီး သူ့ထက်သာနေကြောင်း မြင်လိုက်ရ၏။

သူ့အနေဖြင့် မနာလို စိတ်တိုရုံသာမက အလွန်အမင်း သိက္ခာချခံလိုက်ရသလို ခံစားလိုက်ရသည်။

“နင် သေစမ်း”

ယွမ်ကျန်းတစ်ယောက် အလွန်စိတ်တိုလွန်းသဖြင့် သူ့လက်ထဲတွင် ဓားတစ်ချောင်းပေါ်လာခဲ့ပြီး မျက်ထောင့်နီနီဖြင့် လျောင်ထင်ယန့်ကို ခုတ်ဖြတ်ရန် ချိန်လိုက်၏။

ငါးဆားနယ် လျောင်ထင်ယန့်သည် စစ်မာကျောင်းကြောင့် ရွှေရည်စိမ် ငါးဆားနယ်ဘုရင်အဖြစ် အတင်းအဓမ္မ အဆင့်မြင့်သွားခြင်းပင်။ သူ့အဆင့်က မြင့်သော်လည်း ယွမ်ကျန်းက အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်သဖြင့် သူ မခံနိုင်ပေ။

ဒေါသစိတ်ကြောင့် ယွမ်ကျန်း၏ တိုက်ခိုက်မှုက ပြင်းထန်လွန်း၏။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now