အခန်း ၄၀

240 28 0
                                    

စစ်မာကျောင်းသည် သူ့လက်ထဲရှိ သေအံ့ဆဲဆဲဖြစ်နေသောလျောင်ထင်ယန့်ကိုကြည့်လိုက်သည်။ လျောင်ထင်ယန့်၏ပါးစပ်နားတွင် သွေးစသွေးနလေးများရှိနေသည်။ သူသည် ခိုက်ခိုက်တုန်နေပြီး  အမြဲလိုလိုနှင်းဆီပန်းရောင်နီရဲနေသောပါးမို့များမှာ နှင်းပမာဖြူဖျော့လျက်ရှိ၏။

သူသည် လျောင်ထင်ယန့်၏ဝမ်းဗိုက်ပေါ်သို့ လက်ဖြင့်ဖိ၍ သေသေချာချာ စမ်းလိုက်ပြီး‌ တဖြည်းဖြည်းမျက်မှောင်ကြုပ်လာခဲ့သည်။စစ်မာကျောင်းသည် တစ်ခါက ထိုအရာဆီမှ သူ့ကိုကယ်ခဲ့ပြီး ထိုအချိန်က ထိုအရာအား လုံးလုံးလျားလျား ဖြေရှင်းပြီးပြီဟုထင်ခဲ့သည်။ သူမထင်မှတ်ထားခဲ့ပေ။ ယေဘုယျပြောရလျှင် သူ့သွေးသည် ထိုအရာကို ဖိနှိပ်နိုင်စွမ်းရှိသင့်သည်၊ မဖိနှိပ်နိုင်လျင်ပင် လျောင်ထင်ယန့်စားလိုက်သော ရစ်ယွဲ့ပန်းပွင့်သည် မည်သည့်အဆိပ်ကိုမဆို ဖြေပေးနိုင်စွမ်းရှိသင့်သည်။ သူ၏ကိုယ်ထဲရှိအဆိပ်သည် သူထင်ခဲ့သလိုတော့ အံ့ဖွယ်အဆိပ်တစ်မျိုး မဖြစ်တန်ခဲ့ရာ။

မိစ္ဆာနည်းလမ်းများမှာ သူထင်ခဲ့သလို အားနည်းခြင်းမရှိခဲ့။ ဤသို့ဖြစ်လျှင် သူသည် မိစ္ဆာနယ်မြေက သူလျှိုဖြစ်မည်လော။ အဘယ်ကြောင့် သူသည် ထိုပစ္စည်းကြောင့် နှစ်ကြိမ်တိုင်တိုင်အဆိပ်မိရပါသနည်း။

စစ်မာကျောင်းသည် သူ၏လက်ကို မြှောက်ကာ လျောင်ထင်ယန့်ကို ချီလိုက်ပြီး ရေကန်ပေါ်ပြန်တက်လာခဲ့သည်။ မြေပြင်၌နေရာချပြီးနောက် လျောင်ထင်ယန့်သည် နာကျင်မှုကြောင့် ဘောလုံးတစ်လုံးနှယ် ကျုံ့သွားသည်။ သူသည် မျက်လုံးများကို မဖွင့်နိုင်ခဲ့ပြီး သေလောက်သည်အထိ နာကျင်မှုကိုသာ ခံစားခဲ့ရသည်။

ဝုန်း...

စစ်မာကျောင်းသည် သူ့နားရှိ ဖန်မီးအိမ်အား ဖျက်ဆီးလိုက်သည်။ ဖောက်ထွင်းမြင်နိုင်သော ဖန်မီးအိမ်မှာ တစ်စစီကွဲကုန်ပြီး အတွင်းရှိ အဝါရောင်အလင်းတန်းများသည် မရေမတွက်နိုင်သော မီးပန်းများအဖြစ်ပြောင်းလဲသွားကာ ခန်းမဆောင်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့သည်။ စစ်မာကျောင်းကား ထိုအရာကို ဂရုပြုခြင်းမရှိ၊ သူသည် လက်ကိုမြှောက်ကာ ဖန်ကွဲစပေါ်သို့ ဖိချလိုက်ပြီး လျောင်ထင်ယန့်ပါးစပ်အား သူ၏သွေးချင်းနီနေသောလက်ဖြင့် ဖုံးလွှမ်းထားလိုက်သည်။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now