အခန်း ၃၀

293 29 1
                                    

လျောင်ထင်ယန့်အတွက် အသက်ရှင်သန်လိုသော ပြင်းပြသည့်ဆန္ဒရှိပြီး တစ်ချိန်တည်းမှာပင် သူသည် အန္တရာယ်အား အလွန်သတိထားခဲ့သည်။ ထို့ကြောင့် သူဘိုးဘေးစစ်မာကျောင်းအားမြင်ရသည့်အချိန်တိုင်း သူသည် တစ်ဖက်လူမှာ ဘိုးဘေးဖြစ်သည့်အလျောက် ယဥ်ကျေးသောဘာသာစကားနှင့်သာ တတ်နိုင်သမျှပြောရန်ကြိုးစားခဲ့သည်။ သို့သော် ယခု ဤဘိုးဘေးသည် သူ၏ ရင်သားများအား ဝက်သားများကဲ့သို့ ကိုင်နေသည့်အချိန်၌ သူ၏ဆင်ခြင်တုံတရားများမှာ ရုတ်ခြည်းပင် ပျောက်ကွယ်သွားပြီး ပွင့်ပွင့်လင်းလင်းပင် သူသည် စစ်မာကျောင်း၏ ဖင်အား သွားကိုင်လိုက်သည်။

စစ်မာကျောင်း - "...."

ကျားဖင်ကို မကိုင်သင့်။ လျောင်ထင်ယန့်သည် တစ်ဖက်သူ၏အမူအရာကို ကြည့်ပြီး ဤဝါကျအား သွားစဥ်းစားမိသွားသည်။ သူသည်ဖြည်းညင်းစွာ လွှတ်လိုက်ပြီးနောက် အလွန်နက်ရှိုင်းသော အသက်ရှင်လိုသည့်ဆန္ဒများ စတင် ပြည့်နှက်လာသည်ကို ခံစားလာရသောကြောင့် သူ့အမူအရာမှာ ဒေါသထွက်ခြင်းမှ စိတ်တည်ငြိမ်ခြင်းသို့၊ ထိုမှတဆင့် စိတ်ရှုပ်ခြင်းသို့ ပြောင်းလဲသွားသည်။ သူသည် စစ်မာကျောင်း၏ လက်မောင်းများထဲသို့ မှီလိုက်ကာ သူ၏ဘယ်လက်အား ရို့ကျိုးစွာဖြင့် တွယ်ဖက်ထားလိုက်ပြီး ကောင်းကင်ပေါ်တွင် လှိုင်းထနေသော တိမ်များဖက်သို့ ကြည့်နေလိုက်သည်။

...ကျွန်မ ကောင်းကင်နဲ့ မြေပြင်ကိုပဲကြည့်မယ် ရှင့်ကိုတော့ မကြည့်နိုင်ဘူး....

လျောင်ထင်ယန့်သည် သူ့အားမြွေတစ်ကောင်ကဲ့သို့ လွှတ်ပစ်ရန် ဒေါသကြီးသော ဘိုးဘေးကို စောင့်နေခဲ့ပြီး ကားပေါ်မှ ကန်ချခံရခြင်းအတွက် ကြိုတင်ကာကွယ်ချက်များကို တွေးတောနေခဲ့သည်။ သူသည် ခေတ္တမျှကြာအောင် စောင့်ဆိုင်းခဲ့ပြီးနောက် တိုးတိုးတိတ်တိတ်ချောင်းကြည့်လိုက်ရာ စစ်မာကျောင်း၏ မျက်လုံးများဆီသို့ ရောက်သွားခဲ့သည်။ သူ၏မျက်လုံးများ အေးစက်စက်နိုင်ပြီး သူ့အားဓားဖြင့် ထိုးနေသလိုပင်။ သူသည် ဝမ်းနည်း၍စိတ်ဆိုးသည့်အခါတွင် ကြောက်စရာကောင်းသလို ပုံမှန်မဟုတ်သည့်အပြုံးများပြုံးလျှင်လည်း ကြောက်စရာကောင်းကာ အမူအရာအလွန်မဲ့နေပါလျှင်လည်း ကြောက်စရာကောင်းသည်။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon