အခန်း ၄၂

220 24 0
                                    

ကျွန်မရဲ့စားစရာကို လုပြီး ကျွန်မကိုရယ်နေတယ် ရှင်က မူကြိုတန်းကောင်လေးလား ...

လျောင်ထင်ယန့်သည် သူ၏စိတ်ထဲ၌ ပြောလိုက်၏။

ရှင်က အဘိုးကြီးတစ်ယောက် ဒ‌ါပေမဲ့ ဆရာသခင်ဆိုတဲ့ ဂုဏ်ပုဒ်ကို အသုံးချပြီး ဒီမှာ ကားမောင်းတတ်ခါစလူကို လာအနိုင်ကျင့်နေတယ် ရှင် ပြောစရာမလိုလောက်အောင် အရှက်မရှိတော့ဘူးလား....

သူသည် သူ့စွမ်းရည်ကို သစ်သီးလေးများ လေထဲတွင် မျောနေစေရန် ထပ်မံသုံးချလိုက်သည်။ သူဒီနေ့ တစ်ခါလောက် စားရမှဖြစ်မည်။

သနားစရာကား သူ့ဘေးရှိဘိုးဘေးမှာ အလွန်အမင်း ပျင်းရိနေကာ သူနှင့် ဆန့်ကျင်နေသည်။ လျောင်ထင်ယန့်ပါးစပ်နားသို့ သစ်သီးရောက်လာပြီး ပါးစပ်ဖွင့်လာသည့်အချိန်တိုင်း ရုတ်တရတ် အလုခံရသည်။ စစ်မာကျောင်းသည် သစ်သီးကို စားကာ သူ့အား ရယ်နေသည်။ ခြောက်ကြိမ်မြောက်ကြိုးစားပြီးနောက် လျောင်ထင်ယန့် လက်လျော့လိုက်သည်။ အတွေးတစ်ချက်ဖြင့် သူသည် သစ်သီးအား စစ်မာကျောင်း၏ပါးစပ်နားသို့ ပို့လိုက်သည်။ သူ၏ ဤဘိုးဘေးအပေါ်သိနားလည်မှုအရ သူပါးစပ်နားပို့ပေးလျှင် စစ်မာကျောင်း စားမည်မဟုတ်။

သစ်သီးသည် စစ်မာကျောင်း၏ပါးစပ်ထဲသို့ ကျသွားကာ စားလိုက်သည်။

လျောင်ထင်ယန့် -"..."

ငါခန့်မှန်းတာ မှားသွားပြီ...ဘိုင့်ဘိုင် စားစရာလေးရေ...

"ရှစ်ကျူ ဒါစားရတာကို ကြိုက်တာလား"

လျောင်ထင်ယန့်က ဟန်ဆောင်ပြုံးလိုက်သည်။

စစ်မာကျောင်းက ပြော၏။

"ငါမကြိုက်ဘူး သိပ်ချိုလွန်းတယ်"

ရှင်မကြိုက်ရင် ဘာလို့ စားလိုက်တာလဲ...

ထိုအတွေးနှင့်အတူ ဒါဇင်ပေါင်းများစွာသောအသီးတို့မှာ စစ်မာကျောင်း၏ပါးစပ်ဆီသို့ အလျင်အမြန်ရောက်ရှိသွားကြသည်။

စား ဒီအမျိုးသမီးအတွက်စားပေးစမ်း...ကျွန်မရှင့်ကို ဝအောင် စားခိုင်းမယ်...

ရလဒ်အနေနှင့် စစ်မာကျောင်း၏နှုတ်ခမ်းဆီမထိခင်မှာတင် သစ်သီးများမှာ တန်ပြန်၍ သူမျက်နှာဆီပြန်လာကြသည်။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now