အခန်း ၉

256 32 0
                                    

အဖွဲ့ခေါင်းဆောင်က အဖွဲ့သားများကို ဦးဆောင်ပြီး ဘိုးဘေးကို နှုတ်တက်လိုက်သည်။

“ဆရာသခင်ကို ဂါရဝပြုပါတယ်”

လျောင်ထင်ယန့်သည်လည်း သူများနှင့်အတူ လိုက်ပြောလိုက်ပြီး ရှေ့သို့ စပ်စပ်စုစု ကြည့်လိုက်သည်။ မြင်လိုက်ရသည်က ဆိုးဆိုးရွားရွား ဖွေးစွတ်နေသော ခြေတစ်စုံ။

အနှီပုဂ္ဂိုလ်သည် မည်းနက်နက် မြေပြင်ပေါ်တွင် ခြေဗလာဖြင့် နင်းထားပြီး သူ့အရေပြားအောက်တွင် အပြာရောင်ထနေသော သွေးကြောမျှင်များကို ခပ်ရေးရေးမြင်နေရသည်။ ခြေဗလာဘေးတွင် အမည်းရောင် တန်ဆာဆင်ထားသည့် အပေါ်ဝတ်ရုံရှည်က တရွတ်တိုက် ပုံကျနေလျက်ရှိသည်။ ဝတ်ရုံအနားကွပ်ကို အနည်းငယ် ခါလိုက်သောအခါ သူ၏ ခြေထောက်နောက်တစ်ဖက်က လှစ်ဟပေါ်လာခဲ့သည်။ သူ၏ ဘယ်ဘက်ခြေကျင်းဝတ်တွင် အနီရောင်ကြိုးလေးကို ဝတ်ဆင်ထားကြောင်း လျောင်ထင်ယန့် မြင်လိုက်ရသည်။ ကြိုးအနီလေးပေါ်တွင် သစ်သားပုတီးစေ့လေးတစ်လုံး ရှိနေခဲ့၏။

သို့သော် အနီရောင်ကြိုးပါးပါးလေးသည် သူ့ကို ထိတ်လန့်သော ခံစားချက်ကိုပေးပြီး လျောင်ထင်ယန့်တစ်ယောက် အသက်ရှူရပ်သွားမတတ်ပင်။

အထက်မှ ဘိုးဘေးကြီးသည် ရုတ်တရက် ထလာပြီး လျောင်ထင်ယန့်ဆီကို လျှောက်လှမ်းလာနေကြောင်း မြင်လိုက်ရသည်။ အနက်ရောင်ဝတ်စားများအတွင်း ဝိုးတဝါးပေါ်ပေါ်လာသော သူ့ခြေထောက်အစုံက နောက်ဆုံးတွင်မူ သူ့ရှေ့၌ ရပ်တံ့သွားခဲ့သည် —- သူ့ဘေးနားက ရှစ်ကျဲရှေ့တွင် ရပ်သွားခြင်းပင်။

“အတင့်ရဲလိုက်တာ”

ထိုစကားအဆုံးတွင် အရည်တချို့က လျောင်ထင်ယန့် ခန္ဓာကိုယ်ပေါ်သို့ ဗြန်းခနဲ လွင့်စင်လာခဲ့သည်။ အနီ‌ရောင်တောက်တောက် သွေးပျစ်ပျစ်တို့က ချောမွေ့သော အနက်ရောင်ကြမ်းပြင်ပေါ်သို့ ပြန့်ကြဲသွားပြီး ဘေးနားတွင် လျောင်ထင်ယန့် ဖြန့်ထားသည့် ဝတ်ရုံအဖြူကို ရွှဲရွှဲစိုသွားစေခဲ့၏။

ဘေးနားတွင် ဒူးထောက်နေသာ အရန်ဇာတ်ကောင် လျောင်ထင်ယန့် - “......”

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now