အပိုင်း (၅၅) - မွှေးပျံ့ကော့လန်သည့် ဆန်(ပေါ်ဆန်းမွှေး)

5.5K 1.1K 86
                                    

Unicode

အန်းယွမ်စီရင်စုမှာ ဟုန်စီရင်စုကြီးထဲမှ သေးငယ်သော စီရင်စုလေး ဖြစ်သည်။ ဟုန်စီရင်စုမှာ ဆန်စပါးထွက်ရှိရာအရပ်အဖြစ် လူသိများသည်။

အန်းယွမ်စီရင်စုမှာ သေးငယ်သော်ငြား မြေဆီလွှာကတော့ ကောင်းလှသည်။ ရေအရင်းအမြစ်မှာလည်း အလုံအလောက် ရှိကာ မြေဆီအရည်အသွေးကလည်း ကောင်း၏။ ရာသီဥတုမှာလည်း အခြားစီရင်စုများထက် ကောင်းမွန်လှသည်မို့ ဆန်စပါး စိုက်ပျိုးဖို့ရန်အတွက် မြေနေရာကောင်း ဖြစ်သည်။ ယင်းမှာ ကုန်းမီ*နှင့် ဆန်လုံးညိုတို့စိုက်ပျိုးရန်အတွက် သင့်တော်ပေသည်။

[T/N - ကုန်းမီ means ပေါ်ဆန်းမွှေး😗]

ပေါ်ဆန်းမွှေးကဲ့သို့ အဖိုးတန် ဆန်အမျိုးအစားများအတွက် သာမန်မိသားစုမှာ လူအင်အားနှင့် ငွေကြေးအင်အား မတတ်နိုင်ပေ။ ထို့ကြောင့် အန်းယွမ်စီရင်စုမှ အမြောက်အမြား မထွက်ရှိချေ။ ထုတ်လုပ်မှုစုစုပေါင်း၏ တစ်ဝက်နီးပါးပမာဏကို အန်းမိသားစုမှ ထုတ်လုပ်ပေးသော်ငြား ထိုပမာဏက နည်းပါးနေဆဲ ဖြစ်သည်။ သို့သော်လည်း ပေါ်ဆန်းမွှေးမှ ရရှိလာသည့် မိသားစုအတွက် ကြွယ်ဝမှုမှာမူ အခြားဆန်များထက် အလွန်များပြားပေသည်။

အန်းကျီယန် က စာရင်းစာအုပ်များကို ကြည့်ရင်းဖြင့် သိရှိလာရခြင်း ဖြစ်သည်။

အန်းမိသားစု မှ ထုတ်လုပ်သည့်ပေါ်ဆန်းမွှေးမှာ ရောင်းချရန်အတွက် မဟုတ်ဘဲ လက်ဆောင်အဖြစ်ပေးရန် ဖြစ်၏။

ပေါ်ဆန်းမွှေးသည်ကား အရည်အသွေးမြင့် ဆန်ဖြစ်ကာ ဂရုတစိုက် ရွေးကောက်ထားရသည်။ ဆန်၏သွင်ပြင်မှာ ပုလဲလုံးလေးနှယ် ကြည်စင်ဖွေးသန့်တောက်ပနေပေသည်။ အစောပိုင်းကာလများကဆိုလျှင် ယင်းမှာ ဧကရာဇ် ထံ ဆက်သရသည့် အဓိက ရည်စူးပစ္စည်း ဖြစ်သည်။

သို့သော်လည်း ပေါ်ဆန်းမွှေးအထွက်နှုန်း တိုးတက်လာသည်မို့ အချို့သော အရာရှိများသည်ပင် စတင် စားနိုင်လာ၏။

အန်းမိသားစု၏ ပေါ်ဆန်းမွှေးမှာ ထိုသို့သော လူများ ကျေနပ်နှစ်သိမ့်ဖို့ရာအတွက် တည်ရှိနေခြင်း ဖြစ်သည်။ အန်းချန်ဖူ က ပေါ်ဆန်းမွှေးကို ကံကောင်းမှုကို ချဲ့ထွင်ဖို့အတွက် အသုံးပြု၏။ ရလဒ်မှာလည်း မဆိုးလှပေ။ ထို့ကြောင့် အန်းမိသားစု က လယ်မြေငှားရမ်းခြင်းမှ ငွေကြေးအမြောက်အမြားနှင့် ဘေးအန္တရာယ်အတွက် ထောက်ပံ့ကြေးငွေ အမြောက်အမြား ကို ရရှိနေကြောင်း တွေ့မြင်နိုင်ပေသည်။ အန်းမိသားစု အတွက် အရာအားလုံးက အဆင်ပြေချောမွေ့လွယ်ကူနေသည်မှာ အံ့သြစရာ မရှိပေ။ အန်းချန်ဖူ လုပ်သမျှကိစ္စများမှာ ရိုးသားမှုမရှိသော်ငြား သူက အောင်မြင်လှသည့် မြေပိုင်ရှင် တစ်ယောက်တော့ မှတ်ယူနိုင်နေဆဲ ဖြစ်သည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now