အပိုင်း (၅၉) - ပိုးပန်းသူ

6K 1.1K 27
                                    

Unicode

ကောချင်အန်း ရောက်လာသည့်အချိန်၌ ဆန်ဆိုင်၏ ရှေ့တွင် လူရှင်းသွားပြီ ဖြစ်သည်။

အန်းကျီယန်က အဝင်ဝရှေ့တွင် ရပ်ကာ တာဝန်ခံဖုန့် နှင့် စကားပြောနေလေ၏။ ဒီအချိန်တွင် လူအများကြီး မငှားထားသော်ငြား အခြားသူများအတွက် အခွင့်အရေး မရှိတော့ဟု မဆိုလိုပါချေ။ အနာဂတ်တွင် သူက ပိုများသည့် အလုပ်သမားအသစ်များ စုဆောင်းရန် ရည်ရွယ်ထားပေ၏။ ဟုန်စီရင်စုကို ဆန်စပါးထွက်ရှိရာအရပ်အဖြစ် သိထားကြသည်။ ထို့ကြောင့် သူက ယင်းအချက်ကို ကောင်းကောင်း အသုံးချကာ ဆန်စပါးအထွက်နှုန်းကို တိုးစေပြီး တစ်ချိန်တည်းမှာပင် စီရင်စု၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ပြု သွားမည် ဖြစ်၏။

ကောချင်အန်း က သူတို့ကို တစ်ချက်ကြည့်လိုက်သော်ငြား အန်းကျီယန်ကို သွားရောက် မနှောင့်ယှက်ပါပေ။ သူက ဆန်ဆိုင်ထဲတွင် အားအားယားယား လက်ဖက်ရည် သောက်နေသည့် တစ်ဦးတည်းသောသူ ဖူဝူထျန်းဆီ သွားလိုက်လေ၏။

"သခင်...ဒီငယ်သား ပြန်ရောက်လာပါပြီ"

ဖူဝူထျန်း က သူ့ကို ခေါင်းငြိမ့်ပြလိုက်ချေ၏။

"တိတ်ဆိတ်တဲ့နေရာ ရောက်တဲ့ထိစောင့်ဦး...ပြီးမှပြော"

ကောချင်အန်း က စကားမပြောတော့လေဘဲ သူ့နံဘေးတွင်သာ ရပ်နေလိုက်သည်။

အန်းကျီယန်နှင့် တာဝန်ခံဖုန့် တို့ စကားပြောပြီးကြချိန်တွင် အလုပ်သမားများသည်လည်း ဆန်အိတ်များ သယ်၍ ပြီးစီးလုနီးနေပြီ ဖြစ်သည်။ စျေးဆိုင်၏ ကုန်လှောင်ရုံမှာ ဆန်အိတ်များဖြင့် ပြည့်လုခမန်း ဖြစ်နေလေ၏။ တာဝန်ခံဖုန့် က အလုပ်သမားတစ်ယောက်ချင်းစီတိုင်းကို အလုပ်လုပ်သည့် ပမာဏအပေါ် မူတည်၍ လုပ်အားခများ ရှင်းပေးလိုက်သည်။ ကြွက်သားများများနှင့် ခွန်အားသန်ပြီး အိတ်နှစ်ဆယ် သုံးဆယ်ထိ မနိုင်သော သူများရှိသလို ဆယ်အိတ်မျှသာ သယ်နိုင်သည့် အားနည်းသူများလည်း ရှိပေသည်။ လူအများမှာ သူတို့၏ လုပ်အားခများ ရသည်နှင့် အလွန်ပင် စိတ်လှုပ်ရှားသွားကြ၏။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now