အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု

3.8K 851 34
                                    

Unicode

အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု

လျှိုဖေးဟုန် က နှာခေါင်းရှုံ့လိုက်ပြီး အထင်အမြင်သေးစွာ ပြောလိုက်လေသည်။

"ဘာထူးဆန်းရမှာလဲ?ငါ ကြားထားတာတော့ အန်းမိသားစုရဲ့ သခင်လေးက ကျွင်းကျီမြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ လက်ထပ်ထားတယ်တဲ့။ အချို့ စီးပွားရေးလုပ်ငန်းရှင်တွေက သက်တော်စောင့် တွေ ခန့်ထားတတ်ကြတာပဲ။ ဒီတော့ ကြည့်ရတာ အဲ့ဒီ စီးပွားရေးလုပ်ငန်းရှင်လည်း အန်းမိသားစုအိမ်တော်ထဲမှာ ရှိနေတာ ဖြစ်ရမယ်။ အဲ့နေရာမှာ မင်းပြောသလို တစ်ခုခု ထူးဆန်းနေလား သွားကြည့်ကြတာပေါ့။ သူတို့က တရားရုံးတော်ကို ဖီဆန်နိုင်လိမ့်မယ်လို့ မင်းက ထင်နေတာလား?သူတို့ အဲ့လို လုပ်ရဲရင် တရားရုံးတော် က သူတို့ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ရိုက်ချပစ်လို့ရတယ်!"

"လျှိုသခင်ကြီး ပြောတာ အမှန်ပဲ!"

ကျင်းကျုံးထင်သည်လည်း ထိုသို့ တွေးနေလေပြီး သူ့၏ အယုံကြည်ရဆုံး လက်ထောက်ကို ပြောလိုက်သည်။

"ချင်ရွယ်ဟော့...ကြည့်ရတာ မင်း အတွေးလွန်နေတာပဲ ဖြစ်ပါလိမ့်မယ်"

သူ့၏ သခင်ကပင် ထိုသို့ ပြောနေသည်မို့ ချင်ရွယ်ဟော့ လည်း အတင်းအကြပ် တိုက်တွန်းမနေတော့ပေ။ကြည့်ရသည်မှာ သူ တကယ့်ကို အတွေးလွန်သွားဟန်ရ၏။ ကျင်းကျုံးထင်၏ အယုံကြည်ရဆုံးလက်ထောက် ဖြစ်သည်မို့ သူက အမြဲတစေ အရှေ့ကို ကြိုတင်တွေးတော ခန့်မှန်းရပေသည်။ သူက အချက်အလက်သေးသေးလေးကိုပင် အာရုံစိုက်တတ်သည့်သူမို့ လျှို့ဝှက်ကြံစည်သည့် အယူအဆများဆီသို့ အမြဲလိုလို ဦးတည်ရောက်ရှိသွားတတ်သည်။

ထို့နောက်သူတို့က ရဲမက်များကို အန်းမိသားစုအိမ်တော်ဆီသို့ စေလွှတ်ရန် စတင်လိုက်ကြသည်။

အောက်တရားသူကြီး ကျန့်ကိုမူ သူတို့ထဲမှ ဖယ်ထုတ်ထားသည်။ ဤကဲ့သို့ ထိရှလွယ်သော ကိစ္စသည် သူ့လို နိမ့်ကျသည့်အရာရှိ သိရှိသင့်သည့် အရာမျိုး မဟုတ်ပါချေ။

ကျင်းကျုံးထင် နှင့် လျှိုဖေးဟုန် တို့ အန်းမိသားစုအိမ်တော်အား လူအများဖြင့် ဝန်းရံရန် ပြင်ဆင်နေကြကြောင်း သိလိုက်ရချိန်၌ ကျန့်ဟယ် ခမျာ စိုးရိမ်ပူပန်နေရန်သာ တတ်နိုင်လေသည်။ အန်းကျီယန် သူ့စာကို လက်ခံရရှိပြီးနောက် အန်းယွမ်စီရင်စု မှ ထွက်ခွာသွားရန်ကိုသာ မျှော်လင့်ထားနိုင်ပေသည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now